အချစ်ဇာတ်လမ်းသစ်မှာ Jo Bo Ah နဲ့ တွဲဖက်သရုပ်ဆောင်သွားရဖွယ်ရှိတဲ့ Rowoon
အချစ်ဇာတ်လမ်းသစ်မှာ Jo Bo Ah နဲ့ တွဲဖက်သရုပ်ဆောင်သွားရဖွယ်ရှိတဲ့ Rowoon
SF9 အဖွဲ့ဝင် Rowoon နဲ့ Jo Bo Ah တို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတွဲသစ်မှာ အတူတူ တွဲဖက်သွားရဖွယ် ရှိနေပါတယ်။
အောက်တိုဘာ ၁၄ ရက်မှာ သူတို့နှစ်ဦးစလုံးက “This Romance Is a Force Majeure” ဆိုတဲ့ K-Drama သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။
ဒီအချစ်ဇာတ်လမ်းတွဲကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က ဂရုတစိုက်တံဆိပ်ခတ်ထားတဲ့ တားမြစ်စာအုပ်ကို ရရှိခဲ့သော အမျိုးသမီးတစ်ဦးနဲ့ ထိုတားမြစ်စာအုပ်ရဲ့ သားကောင်ဖြစ်လာသူ အမျိုးသားတစ်ဦးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။
Rowoon ကတော့ Joseon ခေတ်မှ ဆင်းသက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာကြောင့် မမျှော်လင့်ထားသော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပေါ်နေသူ၊ ချောမောပြီး ဉာဏ်ရည်ထက်မြက်သလို နာမည်လည်းကျော်ကြားတဲပ ရှေ့နေအဖြစ် သရုပ်ဆောင်သွားဖို့ ဆွေးနွေးနေပါတယ်။
တစ်ချိန်တည်းမှာပဲ Jo Bo Ah ကတော့ သူမရဲ့ ရုပ်ရည်၊ ပင်ကိုယ်စရိုက်နဲ့ အလုပ်အကိုင်တို့ကြားမှ ယောက်ျားများကြားမှာ အံ့အားသင့်ဖွယ်ရာ လူကြိုက်မများတဲ့ နိုင်ငံ့ဝန်ထမ်း Lee Hong Jo အဖြစ် ကမ်းလှမ်းခံထားရပါတယ်။
“This Romance Is a Force Majeure” ကိုတော့ “100 Days My Prince” စာရေးဆရာ No Ji Sul က ရေးသားထားပြီး Oh My Baby” နဲ့ “Voice 3” တို့ရဲ့ ဒါရိုက်တာ Nam Ki Hoon က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဒရာမာအသစ်မှာ Rowoon နဲ့ Jo Bo Ah တို့ကို တွဲမြင်သွားရဖို့ စိတ်လှုပ်ရှားနေကြပြီလား ပရိသတ်တို့ရေ။