နိုဝင်ဘာထဲမှာကြည့်ရှုနိုင်တော့မယ့် Sooyoung နဲ့ Yoon Bak တို့ရဲ့ အချစ်-ဟာသ Drama သစ်

နိုဝင်ဘာထဲမှာကြည့်ရှုနိုင်တော့မယ့် Sooyoung နဲ့ Yoon Bak တို့ရဲ့ အချစ်-ဟာသ Drama သစ်

Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ Yoon Bak တို့ဟာ သူတို့ရဲ့ လာမယ့် rom-com drama သစ် “Please Send a Fan Letter” အတွက် ပထမဆုံး ဇာတ်ညွှန်းဖတ်ပွဲသို့ တက်ရောက်လာခဲ့ကြပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ဖျော်ဖြေရေးလောကမှာ အကြီးမားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မင်းသမီးတစ်ဦးနဲ့ သူမရဲ့ ပရိတ်သတ်တွေရဲ့ စာတွေကို အတုအယောင် ပြန်စာတွေ ရေးသားခြင်းဖြင့် သမီးရဲ့ ဖြူစင်တဲ့ နှလုံးသားကို ကာကွယ်စောင့်ရှောက်ပေးမယ့် မင်းသားတစ်ယောက်အကြောင်း အချစ်-ဟာသ ဇာတ်လမ်းမျိုးပါ။

ဒီ Drama လေးမှာ Sooyoung နဲ့ Yoon Bak တို့ အပါအဝင် Shin Yeon Woo, Jung Jae Sung, Jung In Ji, Kang Da Hyun, Choi Han Yoon နဲ့ Han Jung Ho တို့ကလည်း ပါဝင်အားဖြည့်ပေးထားကြပါတယ်။

ဇာတ်လမ်းထဲမှာ နာမည်ကျော် မင်းသမီး Han Kang Hee အဖြစ် သရုပ်ဆောင်ထားတဲ့ Sooyoung ကတော့ သူမရဲ့ ထူးခြားပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်များကို ပြသခဲ့ပြီး ဇာတ်ကောင်ရဲ့ ပြောင်းလဲနေသော စိတ်ခံစားမှုများကို နူးညံ့သိမ်မွေ့စွာ ကိုင်တွယ်ပြသရင်း ပြင်းထန်တဲ့ စွမ်းဆောင်ရည်များကို ပြသထားခဲ့ပါတယ်။

နာမကျန်းဖြစ်နေတဲ့ သမီးလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ပေးနေတဲ့ ရှေ့နေ Bang Jung Suk အဖြစ် သရုပ်ဆောင်ထားတဲ့ Yoon Bak ဟာ ဇာတ်ညွှန်းကို စတင်ဖတ်ရှုနေချိန်မှာပဲ သူ့ကိုယ်သူ နစ်မြုပ်နေခဲ့ပါတယ်။

သူ့အပြောအဆိုကနေ သူ့အသံနေအသံထားအထိ အရာအားလုံးက Bang Jung Suk ရဲ့ ဇာတ်ကောင်စရိုက်ကို ဆွဲဆောင်နိုင်ပြီး သူ့ရဲ့သရုပ်ဆောင်မှု အပိုင်းအသစ်အတွက် နောက်ထပ်မျှော်လင့်ချက်များစွာ တည်ဆောက်ထားပါတယ်။

Sooyoung နဲ့ Yoon Bak တို့ရဲ့ ပထမဆုံး တွဲဖက်မှုဖြစ်တယ်လို့ မယုံကြည်နိုင်လောက်အောင် နှစ်ယောက်သားက အတွဲအဖက်မိနေခဲ့ပြီး Bang Jung Suk ရဲ့သမီး Yoo Na အဖြစ် သရုပ်ဆောင်မယ့် ကလေးသရုပ်ဆောင် Shin Yeon Woo ကလည်း သူမရဲ့ ဇာတ်ကောင်စရိုက်နဲ့အတူ ထူးခြားတဲ့ စွမ်းအင်တွေကို ပြသထားပါတယ်။

“Please Send a Fan Letter” ဇာတ်လမ်းတွဲသစ်ကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x