ပရိသတ်တွေကို မင်္ဂလာဆောင်ဓာတ်ပုံလေးတွေ ချပြလာခဲ့တဲ့ Gong Hyo Jin

ပရိသတ်တွေကို မင်္ဂလာဆောင်ဓာတ်ပုံလေးတွေ ချပြလာခဲ့တဲ့ Gong Hyo Jin

မင်းသမီး Gong Hyo Jin နဲ့ သူမထက် အသက် ၁၀ နှစ် ငယ်ရွယ်တဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် Kevin Oh တို့ဟာ ၂ နှစ်ကြာ တွဲခဲ့ကြပြီး နောက်ဆုံးမှာတော့ လက်ထပ်လိုက်ကြပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ နယူးယောက်မှာ မင်္ဂလာအခမ်းအနားကို သီးသန့်သာ ကျင်းပခဲ့ပေမယ့် ကြယ်ပွင့်နှစ်ဦးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကိုတော့ အခုချိန်မှာ ထုတ်ပြန်လာခဲ့ပါတယ်။

သူတို့ရဲ့ လှပတဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေက စောင့်မျှော်ကြည့်ရှုအားပေးကြရင်း မင်းသမီး မမ Hyo Jin အတွက်လည်း ဂုဏ်ပြု ဝမ်းသာပေးခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ မင်းသမီး Gong Hyo Jin က သူမရဲ့ မင်္ဂလာဆောင် ဓာတ်ပုံကို Instagram မှာ တင်ထားခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ စကားလုံးတချို့နဲ့ တွဲတင်ခဲ့ပါတယ်။

သတို့သမီးနဲ့ သတို့သားရဲ့ ဓာတ်ပုံများဟာ ကြည်လင်ပြတ်သာတဲ့ မျက်နှာကို မပြသေးဘဲ အဲဒီအစား Gong Hyo Jin နဲ့ Kevin Oh တို့ရဲ့ မင်္ဂလာလက်စွပ်နဲ့ နာရီတွေကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

သူတို့စုံတွဲရဲ့အဆိုအရ သူတို့ရဲ့နာရီဟာ ဒေါ်လာ 44,900 တန်ကြေးရှိပြီး ရွှေရောင်လက်စွပ်တစ်ကွင်းလည်း ပါဝင်နေတဲ့ ဇိမ်ခံ chrome နာရီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x