ခန္ဓာကိုယ်ကို ပေါ်လွင်နေလွန်းခဲ့တဲ့ ဝတ်စုံကြောင့် ဝေဖန်ခံခဲ့ရတဲ့ Mai Davika

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး Mai Davika ဟာ Paris Fashion Week ပွဲမှာ ဆွဲဆောင်မှုရှိလွန်းတဲ့ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ခဲ့ပြီးနောက် ပရိသတ်အားလုံးနီးပါး ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြရပါတယ်။
သူမရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ၂၂ လက်မသာ ရှိတဲ့ ခါးဆိုဒ်အတွက် ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ခံနေရပေမယ့် Davika ကတော့ ဒါတွေကို လျစ်လျူရှုထားပြီး သူမရဲ့ ခန္ဓာကိုယ်အလှကို ထုတ်ဖော်ပြသရင်း လူစုလူဝေးထဲမှာ ပေါ်လွင်နေဖို့အတွက် ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ်။
သူမဟာ Paris Fashion Week မှာ ကိုယ်ခန္ဓာကို ပေါ်လွင်လွန်းနေတဲ့ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ပြီးနောက်မှာတော့ အင်တာနက် အသုံးပြုသူတွေနဲ့ ပရိသတ်တွေက အဆိုပါ ဝတ်စုံဟာ သူမအတွက် မှန်ကန်တဲ့ အဝတ်အစား မဟုတ်ကြောင်းနဲ့ ပိန်လွန်းတာကြောင့် ကြည့်မကောင်းနေဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
Davika ကလည်း နောက်ပိုင်း လူတိုင်းက သူမကို ပိန်လွန်းတယ်လို့ ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့ ဖွင့်ဟလာခဲ့ပြီး အဖြူရောင်ဝတ်စုံနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကိုလည်း ပိန်လွန်းတဲ့သူ ဒါမှမဟုတ် အဝလွန်တာမျိုးတွေကို ဝေဖန်နေတာမျိုးက မဖြစ်သင့်တော့ပါဘူး။
အထူးသဖြင့် ထိုင်းလူ့အဖွဲ့အစည်းမှာ ဒီလိုလူမျိုးတွေလည်း ရှိမနေသင့်တော့ဘူးလို့ ပြတ်ပြတ်သားသားပဲ မင်းသမီးချောလေးက ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်နော်။