ELLE မဂ္ဂဇင်းအတွက် အတူတကွ တွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့ Jennie နဲ့ G-Dragon
ELLE မဂ္ဂဇင်းအတွက် အတူတကွ တွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့ Jennie နဲ့ G-Dragon
ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး K-Pop Idol နှစ်ယောက်ရဲ့ ဂရောဂျက်သစ်ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက်လာစေခဲ့ပါတယ်။
G-Dragon (BIGBANG) နဲ့ Jennie (BLACKPINK) တို့ဟာ တွဲနေကြတယ်ဆိုပြီး ကောလာဟလများ ထွက်ပေါ်လာခဲ့သလိုလမ်းခွဲခဲ့ပြီးဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေပေမဲ့ နာမည်ကျော် ELLE မဂ္ဂဇင်းရဲ့ ပရောဂျက်သစ်မှာတော့ သူတို့ရဲ့ အမိုက်ဆုံး visual တွေကို ကိုယ်စီဝင့်ကြွားသွားခဲ့ကြပါတယ်။
Chanel ရဲ့ ambassador နှစ်ယောက်လည်းဖြစ်ကြတဲ့ G-Dragon နဲ့ Jennie တို့ဟာ Elle ရဲ့ ဓါတ်ပုံရိုက်ကူးမှုအတွက် အတူတကွ လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြအပြီးမှာပဲ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားလို့ထားခဲ့တာပါ။
ဒီလိုနဲ့ ၁၄ ရက်နေ့မှာတော့ ELLE Korea ဟာ သူတို့ရဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလထုတ် မဂ္ဂဇင်းမျက်နှာဖုံးရဲ့ ဓာတ်ပုံတွေကို ထုတ်ပြခဲ့ရာမှာတော့ netizens တွေနဲ့ ပရိသတ်တွေကို လုံးဝ အံ့အားသင့်သွားစေခဲ့ပါတယ်။
မျက်နှာဖုံး ဓာတ်ပုံတွေမှာတော့ G-Dragon ကို Chanel tweed ဂျာကင်အင်္ကျီနဲ့အတူ ရောင်စုံ accessories တို့ဖြင့် စွဲမက်ဖွယ်ကောင်းအောင် ရှုစားခဲ့ရပြီး သူ့ရဲ့ကိုယ်နေဟန်ထားနဲ့ မျက်လုံးအကြည့်၊ မျက်နှာ အမူအရာတို့ဟာ ပြီးပြည့်စုံလွန်းနေခဲ့တာပါ။
အခြားဓာတ်ပုံတစ်ပုံမှာတော့ G-Dragon က အမိုက်စား လက်ပြတ်အင်္ကျီနဲ့ ဆိုင်ကယ်ကို မှီထားရင်း သူ့ရဲ့ wild charm တွေကို ထုတ်ပြသွားခဲ့ပါတယ်။
Jennie ကတော့ ဓာတ်ပုံရိုက်ကူးမှုမှာ သူမရဲ့ မင်းသမီးလေးလို visual နဲ့ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကောက်ရိုးဦးထုပ်ကို ဆောင်းထားတဲ့ ချေပုလေးဟာ အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားခဲ့ပြီး ဂါဝန်စလေးကို လက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်ထားဟန် ပို့စ်ပေးထားခဲ့ပါတယ်။
အခြားပုံတစ်ပုံမှာတော့ သူမက ကင်မရာကို စွဲဆောင်မှုရှိတဲ့ အကြည့်တစ်စုံနဲ့ ချုပ်ကိုင်ထားခဲ့ပြီး အနက်ရောင်ဇာဝတ်စုံဖြင့် အပြာရောင် ဆိုဖာပေါ်မှာ လှဲအိပ်နေခဲ့ပါတယ်။
ဒီ Chanel ambassador နှစ်ဦးဟာ သူတို့ရဲ့ အမိုက်စား visual တွေ ကိုယ်စီနဲ့ Elle ရဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် အထူးဓာတ်ပုံတွေကို ဖန်တီးခဲ့ကြရင်း အားလုံးကို ဖမ်းစားသွားခဲ့ကြပါတယ်။