2NE1 ဖျက်သိမ်းကြောင်းကြေညာခဲ့တုန်းက မိုးပြိုသလိုမျိုးခံစားခဲ့ရတယ်ဆိုတဲ့ Sandara Park

ဝါရင့် Idol တစ်ယောက်ဖြစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Sandara Park ဟာဆိုရင် သူမတို့အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာခဲ့စဉ်အချိန်တုန်းက သူမအနေနဲ့ ဘယ်လိုပုံစံမျိုးခံစားခဲ့ရတယ်ဆိုတာကို Radio Star ဆိုတဲ့ တီဗွီအစီအစဉ်တစ်ခုမှာ အခုလိုမျိုးပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။
သူမရဲ့ဖွင့်ဟမှုအရဆိုရင် 2NE1 ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကို သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့်သိရှိခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကာလတွေဟာ သူမအတွက်တော့ မိုးပြိုသလိုမျိုး နာကျင်ကြောက်ရွံ့စရာ ကောင်းခဲ့တယ်လို့သိရပါတယ်။
ဒီအကြောင်းကို Dara က “ကျွန်မတို့ကို ဖျက်သိမ်းလိုက်တဲ့ အချိန်တုန်းကဆိုရင် မိုးပြိုသွားသလားလို့တောင် တွေးမိခဲ့တာရှင့် အဲဒီတုန်းကအခြေအနေတွေကလည်း ဆိုးဝါးနေတာဆိုတော့ ကုမ္ပဏီဘက်က ကျွန်မတို့ကို ပရိုမိုးရှင်းလုပ်ပေးဖို့အတွက် နေတာဖြစ်မယ်လို့ပဲ ကျွန်မ ထင်မိခဲ့တယ် … ကျွန်မတို့အဖွဲ့က ၇ နှစ်လောက် လှုပ်ရှားခဲ့ရတယ်ဆိုပေမယ့် Full Album ကျတော့လည်း နှစ်ချပ်လောက်ပဲထွက်ရှိနိုင်ခဲ့တာလေ” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူမက လက်ရှိမှာ သူမအနေနဲ့ 2NE1 တရားဝင်ပြန်လည်ပေါင်းစည်းဖို့ စိတ်အားထက်သန်နေကြောင်းကို “ကျွန်မတို့အဖွဲ့ပြန်ပေါင်းဖို့ဆိုတာက ဒီနေ့အထိ ကျွန်မရဲ့အိပ်မက် ဖြစ်နေတုန်းပဲ … အားလုံးမျှော်လင့်နေကြတဲ့ အဲဒီအချိန်ကလည်း ရောက်လာလိမ့်မယ်ဆိုတာကို ကျွန်မယုံကြည်ပါတယ်” လို့ဆိုကာ ပြောသွားခဲ့တာကို တွေ့ရပါတယ်။
2NE1 ဟာဆိုရင် ၂၀၀၉ ခုနှစ်မှာ ပွဲထွက်ခဲ့ပြီးနောက် ပွဲထွက်သက်တမ်း ၇ နှစ်အကြာ ၂၀၁၆ ခုနှစ်မှာတော့ အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 2022 Coachella Music Festival မှာ အဖွဲ့ဝင်လေးယောက်လုံး အတူတူဖျော်ဖြေတင်ဆက်သွားခဲ့တာကြောင့် ပရိသတ်တွေက သိပ်မကြာတော့တဲ့အချိန်တစ်ခုမှာ သူမတို့တွေ ပြန်လည်ပေါင်းစည်းနိုင်လိမ့်မယ်ဆိုပြီး ယုံကြည်မျှော်လင့်ထားကြလျက်ရှိနေတာဖြစ်ပါတယ်။
Ref : Koreaboo
Nemo