ထွက်ရှိလာတဲ့ သီချင်းသစ်လေးမှာ Kao နဲ့အတူ GL အဖြစ် ဖော်ကျူးထားခဲ့တဲ့ Davika

Mai Davika ကတော့ ချောမောလှပရုံတင်မကဘဲ အနုပညာလောကရဲ့ နယ်ပယ်တိုင်းလိုလိုမှာ ထူးချွန်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်တယ်ဆိုတာ လူအများသိပြီးသားဖြစ်မှာပါ။

ဒါ့ကြောင့် ထိုင်းနိုင်ငံမှာတော့ သူမဟာ ပြည်တွင်းရော ပြည်ပမှာပါ ရေပန်းအစားဆုံး မင်းသမီးတစ်လက် ဖြစ်နေပါတယ်။ Davika လေးက သရုပ်ဆောင်ခြင်းအပြင် ဖက်ရှင်ပိုင်းမှာသာမက အခုတစ်ခါမှာလည်း အဆိုတော်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Davika လေးကတော့ သူ့ရဲ့ဘက်စုံ ထူးချွန်လှတဲ့ အနုပညာ အရည်အသွေးတွေကို ထပ်မံချပြလို့ သွားခဲ့ပြီဖြစ်ပြီး မကြာသေးခင်ကမှ အဆိုတော်အဖြစ် သီချင်းလေးတစ်ပုဒ်ကို suprise ထွက်ရှိသွားခဲ့လို့ ပရိသတ်တွေကလည်း အံ့အားသင့်ခဲ့ကြရပါတယ်။

ဒီသီချင်းလေးမှာတော့ Davika လေးအပြင် သူ့ချစ် Ter Chantavit ကလည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားသလို ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါ့အပြင် မင်းသမီးချောလေး Kao Supassara ကလည်း အဓိက သရုပ်ဆောင်ပေးထားပါသေးတယ်။

သီချင်းလေးရဲ့ နာမည်ကတော့ “Can I Call You Mine” လို့ အမည်ရပြီး Davika နဲ့ Kao လေးတို့ရဲ့ ချစ်စရာ အခိုက်အတန့်လေးတွေကို Davika ရဲ့ အသံချိုချိုလေးကိုလည်း အနောက်က မြူးကြွကြွ ဂီတလေးနဲ့ စီးမျောခံးစားနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x