မကြာမီမှာ နားထောင်သွားရတော့မယ့် Jin ရဲ့ Solo Album
မကြာမီမှာ နားထောင်သွားရတော့မယ့် Jin ရဲ့ Solo Album
BTS တို့ကတော့ သူတို့ရဲ့ ဘူဆန် ‘Yet to Come’ ဖျော်ဖြေပွဲကို အဖွဲ့ဝင်တစ်ဦးစီရဲ့ နှုတ်ဆက်စကားတွေနဲ့ အဆုံးသတ်ခဲ့ကြပြီး သူတို့ ခုနစ်ဦးစလုံးဟာ ARMY လေးတို့ကို ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတင်စကားများကို ဝေမျှခဲ့ကြရုံသာမက အဖွဲ့ရဲ့ နောက်ထပ်မြင်တွေ့ရမယ့် အရာတွေကိုလည်း update ပေးသွားခဲ့ပါတယ်။
Jin ရ နိဂုံးချုပ် နှုတ်ဆက်စကားမှာတော့ သူ့ရဲ့ album အသစ်ကို မကြာမီ ကြားသိနိုင်မယ်လို့ ကြေကြာသွားခဲ့ပြီး တစ်ကိုယ်တော် အသက်မွေးဝမ်းကြောင်းဟလုပ်ငန်းကို စတင်ဖို့အတွက် ဒုတိယမြောက်အဖွဲ့ဝင် ဖြစ်လာကြောင်း ကြေညာခဲ့ပါတယ်။
“ကျွန်တော့်မှာ album အသစ် ထွက်ဖို့ရှိပါတယ်” လို့ ဆိုပါတယ်။ “ဒါဟာ ခမ်းခမ်းနာနားကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သီချင်းတစ်ပုဒ်ကို ကျွန်တော် တကယ်နှစ်သက်သူတစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။
“မင်းတို့ကို မျှဝေပေးဖို့ သီချင်းတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် မင်းတို့လည်း သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။” တယ်လို့ သူ့ရဲ့ solo album နဲ့ ပတ်သက်ပြီး အတည်ပြု ကြေငြာသွားခဲ့ပါတယ်။
Jin က အခုမှ ပထမဆုံးအကြိမ် တရားဝင် solo debut ကို ပြုလုပ်မှာဖြစ်ပြီး ရှေ့မှာ album ထွက်ရှိထားခြင်း မရှိပေမဲ့ လွန်ခဲ့သအနည်းငယ်က BTS ရဲ့ album အချို့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ solo သီချင်းတွေမှာတော့ နတ်သားတစ်ပါးရဲ့ သာယာနာပျော်ဖွယ် အသံလေးကို သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ အထင်ကရ ‘Super Tuna’ လို ဖန်တီးမှုတွေကြောင့်လည်း သူ့ရဲ့ album သစ်ဟာ ARMY တို့အတွက်တော့ ဘယ်လိုမျိုး ပျော်ရွှင်စရာနဲ့ စိတ်ကျေနပ်စရာတွေကို ဆောင်ကျဥ်းလာမလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ပဲ ဆက်လက်စောင့်ကြည့်သွားရပါတော့မယ်။