အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အိပ်မပျော်တဲ့ရောဂါမရှိတော့ဘူးဆိုတဲ့ So Ji Sub
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အိပ်မပျော်တဲ့ရောဂါကို ကုသနိုင်ခဲ့တယ်ဆိုတဲ့ So Ji Sub
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ So Ji Sub ဟာဆိုရင် ဇနီးဖြစ်သူ Cho Eun Jeong နဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့နေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ကကျင်းပခဲ့တဲ့ ‘Confession’ ဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲအင်တာဗျူးမှာ အခုလိုပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။
“လက်ထပ်ပြီးနောက်ပိုင်းမှာ ကျွန်တော် နေရထိုင်ရတာ ပိုပြီးပျော်ရွှင်လာတယ်လို့ ခံစားမိတယ်ဗျ … အရင်တုန်းကတော့ ဒီလိုခံစားရမယ်လို့ မထင်ခဲ့မိပေမယ့် တကယ်တမ်းကျတော့ နေရတာ ဟိုးအရင်ကထက်ပိုပြီးတည်ငြိမ်လာတယ် … အိပ်မပျော်တဲ့ရောဂါလည်း မရှိတော့ဘူး … ဘက်ပေါင်းစုံမှာ အများကြီးပိုရင့်ကျက်လာတယ်လို့လည်း ခံစားမိပါတယ်”
“တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို လက်ထပ်ဖို့အကြံလာတောင်းတယ်ဆိုရင်လည်း ကျွန်တော်ကတော့ လက်ထပ်လိုက်ဖို့ကိုလုံးဝတိုက်တွန်းမိမှာ” လို့ဆိုကာ So Ji Sub က ပြောသွားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီ သူက ယခုပြသမယ့်ဇာတ်ကားအသစ်ဟာ သူနဲ့ ဇနီးဖြစ်သူတို့ရဲ့ ဒိတ်တင်းသတင်းထွက်ရှိတဲ့အချိန်တုန်းက ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး အိမ်ထောင်မပြုခင်အချိန်မှာတော့ ရိုက်ကူးပြီးစီးခဲ့တာဖြစ်ကြောင်း၊ ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဇနီးဖြစ်သူဆီက ချီးကျူးစကားကြားရဖို့ကိုလည်း မျှော်လင့်မိကြောင်းဆိုကာ ပြောသွားခဲ့ပါတယ်။
So Ji Sub ရဲ့ဇနီးဖြစ်သူ Cho Eun Jeong ဟာဆိုရင် တင်ဆက်သူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ SBS ရဲ့ရှိုးအစီအစဉ်ကနေတစ်ဆင့် စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြပြီး ၂၀၂၀ ခုနှစ် ဧပြီလမှာ တရားဝင်လက်ထပ်ခဲ့ကြကာ မင်္ဂလာပွဲကိုတော့ အကျဉ်းချုံးပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo