စစ်မှုထမ်းနေစဥ်အတွင်း ဖျော်ဖြေပွဲတွေနဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်ရမယ့် BTS

စစ်မှုထမ်းနေစဥ်အတွင်း ဖျော်ဖြေပွဲတွေနဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်ရမယ့် BTS

ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လတ်တလော ထုတ်ပြန်ချက်များအရ BTS ဟာ စစ်မှုထမ်းဆောင်နေချိန်အတွင်း ဖျော်ဖြေပွဲတွေနဲ့ အခြားသော ဂီတလှုပ်ရှားမှုတွေ ပြုလုပ်ခွင့်ရမယ်လို့ သိရပါတယ်။

၁၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယာယီပြောရေးဆိုခွင့်ရှိသူ Colonel Moon Hong Sik က စစ်မှုထမ်းပြီးနောက် BTS ရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို သတင်းပေးခဲ့ပါတယ်။

“နိုင်ငံတော်အဆင့် ပြည်သူ့အကျိုးအတွက် ဒါမှမဟုတ် အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်ကျင်းပတဲ့ ပွဲမျိုးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ရပ်တည်ချက်က အခွင့်အလမ်းတွေ ပေးစွမ်းမှာပါ” လို့ သူက ရှင်းလင်းပြောကြားထားပါတယ်။

ဝန်ကြီးဌာနရဲ့ အဆိုအရ အခြားအနုပညာရှင်များကလည်း သူတို့ စစ်မှုထမ်းစဉ်ချိန်မှာ တူညီသော အခွင့်အရေးများ ရနိုင်ပါတယ်လို့ သိရပါတယ်။

Yonhap ရဲ့ အဆိုအရ အောက်တိုဘာလအစောပိုင်းမှာ ကိုရီးယားကာကွယ်ရေးဝန်ကြီး Lee Jong Sup က BTS ဟာ စစ်မှုထမ်းနေစဉ် နိုင်ငံရပ်ခြားမှာလည်း ပါဝင်လုပ်ဆောင်နိုင်ကြောင်း ပါလီမန်စစ်ဆေးမှုမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းတွေ ထွက်လာတာနဲ့တပြိုင်နက် အင်တာနက်မှာ အငြင်းပွားစရာတွေ ပေါ်ပေါက်လာပါတယ်။ BTS ဟာ အလုပ်အရမ်းများနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပရိသတ်တွေက သူတို့ရဲ့ဒေါသကို ထုတ်ဖော်ခဲ့ကြပါတယ်။

ARMY တွေရဲ့ ဆန္ဒကတော့ ကောင်လေးတွေကို ငြိမ်းချမ်းစွာ စစ်မှုထမ်စေချင်ပြီး စစ်ရေးကာလမှာ ဖျော်ဖြေမယ်ဆိုရင် BTS က လစာနဲ့ အကျိုးအမြတ်ခံစားခွင့်တွေ မရတာကြောင့် ၂ နှစ်ကိုတော့ အနားယူခွင့်ပေးပါဆိုပြီး တုန့်ပြန်မှုတွေ ရှိခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x