Drama သစ်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားသွားဦးမယ့် Bae Suzy

Drama သစ်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားသွားဦးမယ့် Bae Suzy

လတ်တလောမှာပဲ ကိုရီးယားကွန်မြူနတီဆိုက်တစ်ခုက ‘Suzy on KCON stage preview’ ဆိုတဲ့ ခေါင်းစဉ်နဲ့ Suzy ရဲ့ ဓာတ်ပုံများပါဝင်တဲ့ ဆောင်းပါးတစ်ပုဒ်ကို တင်ထားခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ Suzy က သူမရဲ့ ပြင်းထန်တဲ့ မျက်လုံးတွေ၊ လှပတဲ့ visual တွေကို ပြသနေပါတယ်။ ဒီဓာတ်ပုံတွေဟာ Netflix ရဲ့ မကြာမီမှာ ပြသသွားမယ့် “The Girl Downstairs” Drama ထဲက ဖြတ်တောက်ထားတာပါ။

Drama ကိုတော့ နာမည်တူ webtoon မှ အခြေခံထားပြီး အနားယူရန် ရွေးချယ်ခဲ့တဲ့ အမျိုးသမီး idol Lee Doona (Suzy) နဲ့ တက္ကသိုလ်ကျောင်းသားလေး Lee Wonjun (Yang Se Jong) တို့ အိမ်တစ်အိမ်တည်းမှာ အတူ နေထိုင်ကြတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ Suzy က K-Pop Idol လေး Lee Doona အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Lee Doona ဟာ မိန်းကလေးအဖွဲ့ ‘Dream Sweet’ ရဲ့ အဓိက တေးသံရှင်အဖြစ် လုပ်ကိုင်ရင်း ရုတ်တရက် အနားယူရန် ဆုံးဖြတ်ခဲ့ပြီး Minsong University က ပြဇာတ်နဲ့ ရုပ်ရှင်ဌာနသို့ ရောက်ရှိလာသူပါ။

Dream Sweet အဖွဲ့ဝင်များအနေနဲဲ့ မင်းသမီး Go Ah Seong, dancer Lachika (Rian, Shimizu) နဲ့ အဆိုတော် Janet Seeo တို့က ပါဝင်ပေးထားပြီး ပရိသတ်တွေကို အာရုံစိုက်မှု မြင့်တက်လာစေခဲ့ပါတယ်။

ပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်တော်လေး Bae Suzy ကို Idol အနေနဲ့ ပြန်လည်မြင်တွေ့သွားရမှာမလို့ စိတ်လှုပ်ရှားနေကြပြီး မကြာသေးမီကလည်း “Anna” ဇာတ်လမ်းတွဲမှာ အမိုက်စား သရုပ်ဆောင်စွမ်းရည်တွေ ပြသထားခဲ့တာမလို့ အခုထွက်ရှိလာမယ့် Suzy ရဲ့ Drama လေးကိုလည်း မျှော်လင့်တကြီး ဖြစ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x