ဖိလစ်ပိုင်နိုင်ငံမှာ သူမရဲ့အောင်မြင်မှုအရှိန်အဝါက ဘယ်လောက်အထိကြီးမားတယ်ဆိုတာကိုပြောပြလာတဲ့ Sandara Park

2NE1 ရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sandara Park ဟာဆိုရင် K-pop Idol အဖြစ် ပွဲမထွက်ခင်အချိန်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်ခဲ့တယ်ဆိုတာကို ပရိသတ်တို့အနေနဲ့ သိရှိထားကြပြီးဖြစ်မှာပါ။

ဖိလစ်ပိုင်ဘာသာစကားကိုလည်း ကျွမ်းကျင်စွာတတ်မြောက်ပြောဆိုနိုင်တဲ့ သူမဟာ ဖိလစ်ဖိုင်နိုင်ငံအတွင်းမှာ ဘယ်လောက်အထိ အောင်မြင်မှုအရှိန်အဝါကြီးမားတယ်ဆိုတာနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့တုန်းကပြသခဲ့တဲ့ “Knowing Brothers” အစီအစဉ်မှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

သူမရဲ့ဖွင့်ဟမှုအရဆိုရင် ဖိလစ်ပိုင်နိုင်ငံအတွင်း လူသိအများဆုံးနဲ့ အကျော်ကြားဆုံးသူတွေထဲမှာ လက်ဝှေ့အကျော်အမော် Manny Pacquiao က ပထမနေရာဖြစ်ပြီး သူမကတော့ ဒုတိယနေရာဖြစ်ကာ ဖိလစ်ပိုင်လေဆိပ်မှာဆိုရင် သူမအနေနဲ့ Passport တောင် ပြစရာမလိုဘူးလို့ သိရပါတယ်။

“လေဆိပ်မှာစစ်မေးတဲ့အခါမျိုးဆိုရင် သူတို့က ကျွန်မကို မင်းက ‘Sandara လား’ လို့မေးတယ်ရှင့် … ပြီးတာနဲ ကျွန်မရဲ့ဝန်ထမ်းတွေအကုန်လုံးကိုလည်း လွယ်လွယ်ကူကူ သွားခွင့်ပြုလိုက်တာပဲ … နောက်ပြီး Luggage တွေ ရွေးတဲ့အချိန်မှာလည်း မင်းက Sandara တို့နဲ့အတူလားလို့ မေးပြီး Luggage တွေကူရွေးပေးကြတာ …”

“နောက်ဆုံး‌ပြောရရင် ကျွန်မ အဲဒီကိုရောက်ပြီဆိုတာနဲ့ လေဆိပ်လုံခြုံရေးတွေကလည်း ချက်ချင်းရောက်လာပြီး ကျွန်မအတွက် သွားဖို့လမ်းရှင်းပေးကြတော့တာပဲ” လို့ဆိုကာ Sandara Park က သူမရဲ့ဖိလစ်ဖိုင်နိုင်ငံအတွင်းမှ အောင်မြင်မှုအရှိန်အဝါနဲ့ပတ်သက်ပြီး ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x