The Forbidden Marriage ဇာတ်လမ်းတွဲအသစ်မှာ ဘုရင်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ Kim Young Dae

“Penthouse” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့တဲ့ မင်းသား Kim Young Dae ဟာဆိုရင် အဆိုပါဇာတ်ကားနဲ့အောင်မြင်မှုတွေ ရရှိလာခဲ့ပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသားနေရာကနေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် သိပ်မကြာခင်အချိန်မှာလည်း Kim Young Dae ကို The Forbidden Marriage ဇာတ်လမ်းတွဲအသစ်မှာ အဓိကခေါင်းဆောင်မင်းသားနေရာကနေ မြင်တွေ့ရဦးမှာဖြစ်ပြီး ယင်းဇာတ်လမ်းတွဲထဲမှာတော့ သူဟာ King Lee Heon ဆိုတဲ့ ဂျိုဆွန်းဘုရင်မင်းမြတ်အဖြစ် ပါဝင်ထားတာကို တွေ့ရပါတယ်။

ဇာတ်လမ်းပုံစံကတော့ ကြင်ယာတော် ဆုံးပါးသွားပြီးနောက် တိုင်းပြည်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လက်ထပ်ခွင့်မပေးတော့တဲ့ ဘုရင် Lee Heon နဲ့ ဘုရင့်ကြင်ယာတော်ရဲ့ဝိဉာဉ်ကို မြင်ရတယ်လို့ဆိုကာ လိမ်လည်လှည့်ဖျားပြီး နန်းတွင်းကိုဝင်ရောက်လာတဲ့ Ye So Rang ဆိုတဲ့ မိန်းကလေးတို့အကြားကဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတို့ကို ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။

ယင်းဇာတ်လမ်းတွဲဟာဆိုရင် အင်တာနက်ကာတွန်းတစ်ခုကို ပြန်လည်ဖန်တီးရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာ Kim Young Dae နဲ့အတူ မင်းသမီး Park Ju Hyun က တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ကာ ဇာတ်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ စတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Wiki
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x