ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ Park Seo Joon နဲ့ Han So Hee တို့ရဲ့ ဇာတ်လမ်းတွဲအသစ်

အောက်တိုဘာလ ၂၅ ရက်နေ့ မနေ့တုန်းကထွက်ရှိလာခဲ့တဲ့ သတင်းတစ်ခုကတော့ မင်းသား Park Seo Joon နဲ့ မင်းသမီး Han So Hee တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ‘Gyeongseong Creature’ ဇာတ်လမ်းတွဲအသစ်ဟာ လက်ရှိအချိန်မှာ ရိုက်ကူးပြီးစီးသွားခဲ့ပြီဖြစ်တယ်ဆိုတာပါပဲ။
ဒီဇာတ်လမ်းတွဲထဲမှာ Park Seo Joon က လူချမ်းသာ Jang Tae Sang ဇာတ်ကောင်နေရာကနေပါဝင်ထားပြ Han So Hee ကတော့ ပျောက်ဆုံးနေတဲ့လူတွေ ရှာပုံတော်ဖွင့်တဲ့ Yoon Chaeok ဆိုတဲ့ဇာတ်ကောင်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် မင်းသား Wi Ha Joon ကလည်း အဆိုပါဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ထားတာကိုတွေ့ရပြီး သူ့ရဲ့ဇာတ်ကောင်ကတော့ Jang Tae Sang ရဲ့သူငယ်ချင်း Kwon Joon Teak ဖြစ်တယ်လို့ သိရပါတယ်။
‘Gyeongseong Creature’ ဟာဆိုရင် မကောင်းဆိုးဝါးတစ်ကောင်နဲ့ ထိတ်တိုက်ရင်ဆိုင်ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်ပြီး Han So Hee ကိုလည်း ဒီဇာတ်ကားထဲမှာ ကြမ်းကြမ်းတမ်းတမ်း အက်ရှင်အခန်းတွေ များစွာနဲ့ တွေ့မြင်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယခင်တုန်းကတော့ ယင်းသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲကို လာမယ့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ထဲမှာ Netflix ကနေ တင်ဆက်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။
Ref : GStarLive
Nemo