အင်တာနက်ပေါ်ကနေ Jungkook ရဲ့ဦးထုပ်ကို ဝမ် ၁၀ သန်းနဲ့ရောင်းချဖို့ကြိုးစားခဲ့တဲ့ ပြည်သူ့ဝန်ထမ်းမှာ ရဲတစ်ဦးဖြစ်နေ

အင်တာနက်ပေါ်ကနေ Jungkook ရဲ့ဦးထုပ်ကို ဝမ် ၁၀ သန်းနဲ့ရောင်းချဖို့ကြိုးစားခဲ့တဲ့ ပြည်သူ့ဝန်ထမ်း

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တောင်ကိုရီးယားနိုင်ငံအတွင်းက အွန်လိုင်းပရိသတ်တွေအကြားမှာ BTS အဖွဲ့ဝင် Jungkook နဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမြင့်တက်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒါကတော့ ပြည်သူ့ဝန်ထမ်းတစ်ယောက်က Jungkook ရဲ့ ဦးထုပ်ကို အင်တာနက်ပေါ်ကနေတစ်ဆင့် ပြန်လည်ရောင်းချဖို့ ကြိုးစားခဲ့တဲ့သတင်းပါပဲ။

ယင်းဝန်ထမ်းဟာ လူဝင်မှုကြီးကြပ်ရေးရုံးခန်းမှာ ကျန်ရစ်ခဲ့တဲ့ Jungkook ရဲ့အဆိုပါဦးထုပ်ကို ၆ လကြာ သိမ်းဆည်းထားခဲ့ပြီး‌နောက်မှာ ဝမ် ၁၀ သန်းနဲ့ရောင်းချဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဦးထုပ်ရဲ့ မူ‌ရင်းရောင်းဈေးက ဝမ် ၇၈၀၀၀ မျှသာရှိတာကြောင့် ပရိသတ်တွေအကြားမှာ ဒီဦးထုပ်ရောင်းချမှုနဲ့ပတ်သက်လို့ ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပြီး ပြည်သူ့ဝန်ထမ်းဆိုသူက ဘယ်သူဖြစ်တယ်ဆိုတာကိုလည်း သိချင်စိတ်ပြင်းပြခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထွက်ရှိလာတဲ့သတင်း‌တွေအရတော့ ယင်းဝန်ထမ်းဆိုသူက သူဟာ ဘာ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ရဲတွေထဲမှာ သူကိုယ်တိုင်ဖွင့်ဟလာခဲ့ပြီး ဦးထုပ်ကိုလည်း ရဲတွေလက်ထဲပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင် ဦးထုပ်ရောင်းချဖို့အတွက်ရေးသားထားတဲ့ ပို့စ်ဟာလည်း ဖျက်ချခံလိုက်ရပြီဖြစ်ပြီး ရဲတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းမေးမြန်းနေလျက်ရှိတယ်လို့ ဆိုပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x