Kim Yoo Jung ကို စတင်မြင်တွေ့ခဲ့ချိန်တုန်းက ကြောက်ရွံ့မိခဲ့တယ်လို့ဆိုလာတဲ့ Byeon Woo Seok

ကိုရီးယားဇာတ်ကားကြိုက်ပရိသတ်တွေအကြားမှာ လတ်တလောရေပန်းစားလျက်ရှိတဲ့ ’20th Century Girl’ ဇာတ်ကားထဲမှ ခေါင်းဆောင်မင်းသားဖြစ်သူ Byeon Woo Seok ဟာဆိုရင် သူ့အနေနဲ့ Kim Yoo Jung ကို စတင်မြင်တွေ့ခဲ့ချိန်တုန်းကဖြစ်ပေါ်လာတဲ့ ခံစားချက်အကြောင်းကို အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်ရဲ့ သရုပ်ဆောင်သက်တမ်းက နည်းနည်းနုသေးတော့ ဒီနယ်ပယ်ထဲမှာ ကျွန်တော့်ထက်ဝါရင့်တဲ့ စီနီယာတွေဆိုတာက အများကြီးပါ …. စီနီယာ Yoo Jung ဆိုရင်လည်း အတွေ့အကြုံအများကြီးရှိတဲ့သူဆိုတော့ သူ့ကို ကျွန်တော်တကယ်ကြောက်မိခဲ့ဖူးပါတယ်”

“ကျွန်တော်က သူ့ကို ဟိုးအရင်ကတည်းက မင်းသမီးတစ်လက်အဖြစ်နဲ့ပဲ မြင်မိခဲ့တာဆိုတော့ သူ့အရှေ့ကို ရောက်သွားရင် ဘာလုပ်လို့လုပ်ရမလဲမသိတော့ဘူး” လို့ဆိုကာ Byeon Woo Seok က သူ့အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေကို ဖွင့်ဟပြောပြလာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Kim Yoo Jung က သူ့ရဲ့အဖြစ်တွေကို ကောင်းစွာနားလည်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက်လည်း “စီနီယာ Kim” ၊ “စီနီယာ Byeon” လို့ခေါ်ဝေါ်ပြောလေ့ရှိကြောင်းနဲ့ Kim Yoo Jung က သူ့အပေါ်မှာ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံပေးတာကြောင့် ကျေးဇူးတင်မိကြောင်းဆိုကာ ဆက်လက်ပြောပြသွားခဲ့ပါတယ်။

Byeon Woo Seok နဲ့ Kim Yoo Jung တို့ဟာဆိုရင် ’20th Century Girl’ ဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် တွဲဖက်ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x