ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်အတွက် ဒီနေ့အချိန်ထိ ဝမ်းနည်းပူဆွေးနေဆဲဖြစ်တယ်ဆိုတဲ့ Super Junior အဖွဲ့ဝင် Eunhyuk

ဝါရင့်အမျိုးသား Idol တစ်ယောက်ဖြစ်တဲ့ Super Junior အဖွဲ့ဝင် Eunhyuk ဟာဆိုရင် ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကမှ ဖခင်ဖြစ်သူကို ရုတ်တရက်ဆိုသလိုဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒီလိုဆုံးရှုံးမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ ယနေ့အချိန်ထိ ဝမ်းနည်းပူဆွေးနေရဆဲဖြစ်ကြောင်းကို အင်တာဗျူးတစ်ခုမှာ အခုလိုပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“အဖေ ဆုံးပါးသွားတာက ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ပူဆွေးမှုတစ်ခုပါပဲ .. ဒီနေ့အထိလည်း ပူဆွေးနေရတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြေသိမ့်နိုင်ဖို့အတွက် ကြိုးစားနေပါတယ် … ဒီဆုံးရှုံးမှုကြီးကတော့ ကျွန်တော် ဘယ်လိုမှ ခံစားလို့မရနိုင်တဲ့ ဆုံးရှုံးမှုပေါ့‌ဗျာ … အခုထိလည်း တစ်ယောက်တည်းရှိနေတဲ့အချိန်မှာဆိုရင် မျက်ရည်ကျနေမိတုန်းပဲ”

“ဒါပေမယ့် ဒီလိုဖြစ်နေတဲ့အချိန် ကျွန်တော့်အနားမှာ ကောင်းမွန်တဲ့သူတွေရှိနေတာက ကျွန်တော့်အတွက် ‌ကောင်းချီးပေးခံရတယ်လို့လည်း ခံစားမိတယ် … သူတို့တွေက ကျွန်တော့်ရဲ့နာကျင်မှုတွေကို သက်သာလာအောင် ဖန်တီးပေးတယ်လေ … ကျွန်တော့်ရဲ့ အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေ …သူတို့တွေအားလုံးက ကျွန်တော့်အတွက်ရှိနေပေးလို့ တကယ်ကျေးဇူးတင်မိပါတယ်” လို့ဆိုကာ Eunhyuk က ရင်ဖွင့်ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ ဒီလိုပူဆွေးမှုတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် အလုပ်တွေကို ပိုမိုဖိလုပ်နေကြောင်း၊ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ အိမ်ထောင်ပြုဖို့အတွက် အတွေးဝင်မိကြောင်း၊ သူတို့အဖွဲ့နဲ့အတူတူ အချိန်အကြာကြီး‌ရှိလာပေးသလို ကိုယ်ပိုင်ဘဝတွေကိုလည်း အသီးသီးတည်ဆောက်ထားနိုင်ကြတဲ့ ပရိသတ်တွေကို အားကျမိကြောင်းတို့ကိုလည်း‌ ပြောသွားခဲ့တာတွေ့ရပါတယ်။

Eunhyuk ရဲ့ ဖခင်ဖြစ်သူဟာ မဆုံးပါးခင်အချိန် လပိုင်းလောက်တုန်းက မိသားစုနဲ့အတူ “Mr. House Husband season 2” မှာပါဝင်ခဲ့သူဖြစ်ပြီး နွေးနွေးထွေးထွေးနဲ့ နှစ်လိုဖွယ်ကောင်းတဲ့သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိခဲ့သူဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x