ကိုယ်အလေးချိန် ၂၀ ကီလိုတိုးပြီးမှ ရည်းစားရလာခဲ့တာကြောင့် ရုပ်ရည်အသွင်အပြင်က အရေးကြီးတဲ့အရာမဟုတ်ဘူးလို့ဆိုလာတဲ့ Lee Guk Ju
ကိုယ်အလေးချိန် ၂၀ ကီလိုတိုးပြီးမှ ရည်းစားရလာခဲ့တာကြောင့် ရုပ်ရည်အသွင်အပြင်က အရေးကြီးတဲ့အရာမဟုတ်ဘူးဆိုတာကို သဘောပေါက်လာခဲ့တယ်လို့ဆိုလာတဲ့ Lee Guk Ju
တောင်ကိုရီးယားနိုင်ငံရဲ့ ဟာသမယ်တစ်ယောက်ဖြစ်တဲ့ Lee Guk Ju ကိုတော့ ကိုရီးယားတီဗွီအစီအစဉ်တွေ ကြည့်လေ့ကြည့်ထရှိကြသူတွေအနေနဲ့ ကောင်းကောင်းကြီးရင်းနှီးကြမယ်လို့ ထင်ပါတယ်။
ခပ်ဝဝနဲ့ ဟာသတွေပြောတတ်တဲ့သူမဟာ ပွဲထွက်ပြီးနောက်မှာ ကိုယ်အလေးချိန် ၂၀ ကီလိုခန့်တိုးလာခဲ့တာဖြစ်ပြီး ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကထုတ်လွှင့်ခဲ့တဲ့ ‘Dolsing Fourmen’ ရှိုးအစီအစဉ်မှာ ဖွင့်ဟပြောပြသွားခဲ့တာ တွေ့ရပါတယ်။
ပထမဦးစွာ သူမက လက်ရှိအချိန်မှာတော့ သူမအနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတယ်ဆိုပေမယ့်လည်း မိတ်ဆွေဖြစ်သူ Moon Se Yeon ကလွဲပြီး တခြားဘယ်သူကမှ သူမရဲ့ကိုယ်အလေးချိန်ကျဆင်းသွားတာကို သတိမထားမိခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပြသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ပွဲမထွက်ခင်အချိန်တုန်းကဆိုရင် သူမမှာ ချစ်သူရည်းစားဆိုတာ လုံးဝမရှိခဲ့ပေမယ့် ပွဲထွက်ပြီးလို့ ၂၀ ကီလိုဂရမ်မျှ ကိုယ်အလေးချိန်တက်ခဲ့ပြီးချိန်မှာတော့ ချစ်သူကောင်လေးရလာခဲ့ကြောင်း၊ ဒါကြောင့် သူမအနေနဲ့ ဘဝမှာ ရုပ်ရည်အသွင်အပြင်က အရေးကြီးတဲ့အရာမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ခဲ့ကြောင်းဆိုကာ ပြောသွားခဲ့တာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo