Kim Go Eun ရဲ့ ပရိသတ်တွေ့ဆုံပွဲကို suprise ရောက်ရှိလာခဲ့တဲ့ Gong Yoo
Kim Go Eun ရဲ့ ပရိသတ်တွေ့ဆုံပွဲကို suprise ရောက်ရှိလာခဲ့တဲ့ Gong Yoo
Gong Yoo က Kim Go Eun နဲ့ ချစ်စရာကောင်းတဲ့ ခင်မင်မှုကို ပြသခဲ့ပါတယ်။ မင်းသမီး Kim Go Eun ဟာ မကြာသေးမီကပဲ ဆိုးလ်မြို့ရှိ Yes24 Live Hall ၌ သူမရဲ့ ၁၀ နှစ်မြောက် ပွဲဦးထွက် ပရိတ်သတ်တွေ့ဆုံပွဲ “GO EUN DAY: come in closer” ကို ကျင်းပခဲ့တာပါ။
Kim Go Eun ရဲ့ ၁၀ နှစ်မြောက် ပွဲဦးထွက် ပရိတ်သတ်တွေ့ဆုံပွဲအား ဂုဏ်ပြုရန်အတွက် Gong Yoo, Lee Min Ho နဲ့ Woo Do Hwan တို့လို နာမည်ကျော် သရုပ်ဆောင်ဖော်များက video တွေကနေတစ်ဆင့် ထောက်ခံအားပေးခဲ့ကြပါတယ်။
Gong Yoo က “Eun Tak ရေ၊ မင်း အံ့သြသွားသလား။ ငါက Goblin ပါ။ ငါ့ရဲ့ သတို့သမီးဟောင်း Kim Go Eun က သူ့ရဲ့ ၁၀ နှစ်မြောက် ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့ Fan Meeting လုပ်နေတယ်ဆိုတာ ကြားသိရပြီး လာနှုတ်ဆက်တာပါ” လို့ မင်းသမီးကို အံ့အားသင့်စေခဲ့ပါတယ်။
သူက “Kim Go Eun ရဲ့ ပရိသတ်တွေက ပျော်စရာကောင်းပြီး အမှတ်တရကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ရှေ့ကိုဆက်သွားနေတဲ့ Kim Go Eun ရဲ့ခရီးကို အမြဲဂရုစိုက်ပြီး အားပေးပေးပါ။”
“ဒီနေ့အဆုံးထိ Kim Go-eun နဲ့ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Ji Eun Tak ရေ fighting ပါ” လို့ ပြောကြားသွားခဲ့တာပါ။
Kim Go Eun နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ tvN ရဲ့ “Guardian: The Lonely and Great God” ရဲ့ ဇာတ်လမ်းတွဲထဲက လိုင်းတစ်လိုင်းကိုလည်း Gong Yoo က ကိုးကားပြီး “ငါက နေရာတိုင်းလိုလိုပါပဲ။ ငါက ရေ ၊ မီး၊ လေ … ” လို့ နိဂုံးချုပ်ခဲ့ရင်း ပရိသတ်တွေကလည်း လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်။
Gong Yoo က နိဂုံးမှာတော့ “တော်တော်ကြာနေပြီ ဖြစ်လို့ ငါ့လိုင်းတွေကို မမှတ်မိတော့ဘူး။ ပျော်ရွှင်စရာအချိန်ဖြစ်ပါစေ။ ကျွန်တော် Goblin ပါ။” လို့ နှုတ်ခဲ့သွားခဲ့ပြီး Kim Go Eun ရဲ့ ပရိသတ်တွေ့ဆုံပွဲရဲ့ အငွေ့အသက်ကို နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုပေးခဲ့ပုံကြောင့် အင်တာနက်တစ်ခွင်မှာ ရေပန်းစားသွားခဲ့ပါတယ်။