Coldplay နဲ့ ဖျော်ဖြေပွဲပြီးရင် စစ်မှုထမ်းဖို့အတွက် ပြင်ဆင်သွားတော့မှာဖြစ်တဲ့ Jin

Coldplay နဲ့ ဖျော်ဖြေပွဲပြီးရင် စစ်မှုထမ်းဖို့အတွက် ပြင်ဆင်သွားတော့မှာဖြစ်တဲ့ Jin

BTS အဖွဲ့ဝင် Jin ဟာ အာဂျင်တီးနား၊ ဖျော်ဖြေပွဲမှ ပြန်လာပြီးနောက် စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းခြင်းကို ချက်ချင်း ဖျက်သိမ်းဖို့အတွက် လျှောက်သွားမှာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

လုပ်ငန်းအတွင်းလူတစ်ဦးက “သူ အာဂျင်တီးနားကနေ ပြန်လာတာနဲ့ လျှောက်ထားမှာဖြစ်ပြီး မကြာခင်မှာ သူ့ရဲ့လုပ်ဆောင်မှုတွေလိုမျိုး ဆက်စပ်ကိစ္စတွေ စတင်စီစဉ်တော့မှာပါ” လို့ ဒီကိစ္စကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။

Jin ဟာ အောက်တိုဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ့် Coldplay World Tour ရဲ့ အာဂျင်တီးနား ဖျော်ဖြေပွဲမှာ အထူးဧည့်သည်အဖြစ် ပါဝင်လာမှာဖြစ်ပြီး “The Astronaut” သီချင်းသစ်ကို Coldplay တို့နဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေမှု ပြီးတဲ့အခါမှာတော့ Jin ဟာ သူ့အိမ်ပြန်ရောက်တာနဲ့ စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းမှုကို ပယ်ဖျက်ဖို့ လျှောက်ထားပါလိမ့်မယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက် အစောပိုင်းကတည်းက BTS ရဲ့ အေဂျင်စီ Big Hit Music ဟာ “Jin အနေနဲ့ ယခုလကုန်မှာ သူ့ရဲ့ စစ်မှုထမ်းရန် ရွှေ့ဆိုင်းခြင်းကို ဖျက်သိမ်းရန်လျှောက်ထားပြီး တပ်မတော် လူအင်အားစီမံခန့်ခွဲရေးရဲ့ စာရင်းသွင်းမှုလုပ်ငန်းစဉ်ကိုလိုက်နာပါလိမ့်မယ်” လို့ အတည်ပြုထားနှင့်ပြီးပါပြီ။


အခြားအဖွဲ့ဝင်တွေကလည်း Jin ပြီးရင် အစီအစဥ်လိုက် စစ်မှုထမ်းသွားတော့မှာဖြစ်သလို Jin ကတော့ နှစ်ကုန်ပိုင်းမှာပဲ အစောဆုံး စစ်မှုထမ်းတာဝန် ထမ်းဆောင်ရပါလိမ့်မယ်။

အဲဒီနောက် Suga (၁၉၉၃ မှာ မွေးဖွား) ဟာ Jin ပြီးနောက် စစ်မှုထမ်းသွားရဖို့ရှိနေပြီး BTS အဖွဲ့ဟာ လာမယ့်နှစ်မှ စတင်ပြီး အဖွဲ့ဝင် ၅ ဦးပါ အဖွဲ့အဖြစ် ယာယီလှုပ်ရှားသွားရဖို့ ရှိနေပါတယ်။

အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook (၁၉၉၇ မှာ မွေးဖွား) ယာ ၂၀၂၈ မှာမှ စစ်မှုထမ်းရမှာဖြစ်သော်လည်း ၂၀၂၄ မှာ စတင်သွားမယ်ဆိုပါက BTS ကို ၂၀၂၅ မှာ အဖွဲ့ဝင် အစုံ full group အဖြစ် ပြန်လည်မြင်တွေ့သွားရပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x