Lisa လိုမျိုး လိုက်လံတုပဝတ်ဆင်ထားတာကြောင့် ဝေဖန်မှုတွေရရှိနေတဲ့ ထိုင်ဝမ်အဆိုတော်

နာမည်ကြီးထိုင်ဝမ်အမျိုးသားအဆိုတော်တစ်ယောက်ဖြစ်တဲ့ Show Lo ဟာဆိုရင် သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် အယ်လ်ဘမ်အတွက် ကာဗာပုံရိပ်ကို အခု အောက်တိုဘာလ ၂၅ ရက်နေ့တုန်းက ပရိသတ်တွေထံအသိပေးချပြခဲ့ပြီးနောက် ပြည်တွင်းမှာသာမက နိုင်ငံတကာပရိသတ်တွေဆီကပါ ပြင်းထန်တဲ့ဝေဖန်မှတ်ချက်ပြုမှုတွေကို ရရှိခဲ့တာတွေ့ရပါတယ်။
ဒီလိုဝေဖန်မှုတွေကိုရရှိခဲ့တဲ့ အကြောင်းအရင်းကတော့ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Show Lo ဟာ အဆိုပါကာဗာပုံရိပ်ကို BLACKPINK အဖွဲ့ဝင် Lisa အတိုင်း ပြင်ဆင်ခြယ်သပြီးမှ ရိုက်ကူးထားတာကြောင့်ပါပဲ။
ဆိုင်ကယ်ပေါ်မှာထိုင်ပြီး အင်္ကျီခါးတိုအနက်ရောင်၊ ဘောင်းဘီတိုအနီရောင်နဲ့ မွှေးဖိနပ်အဖြူရောင်တို့ကို ဝတ်ဆင်ကာ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ပုံစံဟာဆိုရင် “Money” MV ထဲက Lisa ပြင်ဆင်ခဲ့တဲ့ပုံစံအတိုင်း ထပ်တူနီးပါးကျနေတာကို တွေ့ရပါတယ်။
ဒီအခါမှာတော့ အွန်လိုင်းပရိသတ်တွေက သူ့ရဲ့ပြင်ဆင်မှုနဲ့ ပတ်သက်လို့ အမျိုးမျိုးအပြစ်တင်ဝေဖန်ခဲ့ကြပြီး ဒါဟာ လိုက်လံတုပခိုးယူမှုဖြစ်ကြောင်းနဲ့ ကြောက်စရာကောင်းကြောင်း ဆိုကာ အသီးသီးဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref : Kstartrend
Nemo