မင်္ဂလာပွဲနေ့က သတို့သမီးဝတ်စုံဝတ်ဆင်ထားတဲ့ သူမရဲ့ပုံကို ပထမဆုံးအကြိမ်ရှင်းရှင်းလင်းလင်းထုတ်ပြလာတဲ့ Gong Hyo Jin

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Gong Hyo Jin ဟာဆိုရင် ပြီးခဲ့တဲ့နှစ်ပတ်ကျော်ကာလတုန်းက သူမထက်အသက် ၁၀ နှစ်မျှငယ်ရွယ်တဲ့ ချစ်သူ Kevin Oh နဲ့ တရားဝင်လက်ထပ်ခဲ့ပြီး မင်္ဂလာပွဲကိုတော့ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာပဲ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အကျဉ်းချုံးကျင်းပခဲ့ပြီဖြစ်ပါတယ်။
သူမရဲ့ မင်္ဂလာပွဲဟာ အကျဉ်းချုံးကျင်းပတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့် မင်္ဂလာမောင်နှံတွေဖြစ်ကြတဲ့ သူမနဲ့ Kevin Oh ရဲ့ ပုံရိပ်တွေဟာလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ခြင်းမရှိပေမယ့် ပွဲကျင်းပပြီးရက်အနည်းငယ်အကြာ အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ Gong Hyo Jin က အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ပုံရိပ်အချို့တို့ကို မျှဝေဖော်ပြလာခဲ့ပါတယ်။
အဲဒါကတော့ မင်္ဂလာပွဲနေ့တုန်းက သူမဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံတစ်စွန်းတစ်စနဲ့ ကိုင်ဆောင်ခဲ့တဲ့ လက်ကိုင်ပန်းစည်းပုံတို့ဖြစ်ပြီး သတို့သမီးဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံကိုတော့ ရှင်းရှင်းလင်းလင်း ချပြခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့်လည်း အောက်တိုဘာလ ၂၆ ရက်နေ့ မနေ့တုန်းကတော့ ပင်လယ်ကြီးကိုနောက်ခံထားပြီး နေကာမျက်မှန်တပ်ဆင်ကာ အဖြူရောင်သတို့သမီးဝတ်စုံနဲ့ ပြုံးရွှင်ရယ်မောနေတဲ့ပုံလေးတစ်ပုံကို Gong Hyo Jin က အင်စတာဂရမ်ကနေမျှဝေပေးခဲ့တာတွေ့ရပါတယ်။
ဒါ့အပြင် မိဘတွေနဲ့အတူတွဲရိုက်ကူးထားတဲ့ပုံတစ်ပုံကိုလည်း “ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာအောင် သမီးကို သွန်သင်ဆုံးမပေးခဲ့တဲ့အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်ပါတယ် … ရှေ့ဆက်ပြီးတော့လည်း ဒီ့ထက်ပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်သွားပါ့မယ်” လို့ရေးသားပြီး တင်ခဲ့ပါသေးတယ်။
Ref : GStarLive
Nemo