လုံးကြီးပေါက်လှခန္ဓာကိုယ်မဟုတ်တာကြောင့် အထက်တန်းကျောင်းတုန်းက ကောင်လေးတစ်ယောက်ဆီကနေ ငြင်းပယ်ခံခဲ့ရဖူးတဲ့ Sandara Park

နာမည်ကျော် ဝါရင့် Idol တစ်ယောက်ဖြစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Sandara Park ဟာဆိုရင် အခု အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက ထုတ်လွှင့်သွားခဲ့တဲ့ ‘Unnies Without Appetite’ အစီအစဉ်မှာ ပါဝင်တင်ဆက်ခဲ့ပြီး အထက်တန်းကျောင်းတက်စဉ်အချိန်တုန်းက သူမ ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်အချို့တို့ကို ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
“ကျောင်းတက်တဲ့အရွယ်တုန်းကတော့ Locker ကို ဖွင့်လိုက်တဲ့အချိန်တိုင်း ရည်းစားစာတွေထွက်ကျလာမယ်လို့ မျှော်လင့်ခဲ့ဖူးတယ် … ဒါပေမယ့် တကယ်တမ်းကျတော့ ကျောင်းမှာ ကျွန်မကပဲ ကောင်လေးတွေရဲ့ lockers တွေထဲမှာ တိတ်တိတ်ကလေး ရည်းစားစာထည့်ပေးခဲ့တာ” လို့ဆိုကာ Dara က သူမရဲ့ ကျောင်းနေအရွယ် အမှတ်တရအချို့တို့ကို ဖွင့်ဟခဲ့တာတွေ့ရပါတယ်။
အဲဒီနောက်မှာတော့ သူမအနေနဲ့ ကျောင်းတုန်းကစိတ်ဝင်စားခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဆီကနေ အငြင်းခံခဲ့ရဖူးပုံနဲ့ပတ်သက်ပြီး “သူက လုံးကြီးပေါက်လှမိန်းကလေးမျိုးတွေကိုပဲ ကြိုက်တာဆိုပြီး ကျွန်မကို ငြင်းခဲ့တာရှင့် … စဉ်းစားကြည့်… အထက်တန်းကျောင်းသားတစ်ယောက်က ဒီလိုပြောသင့်လား” လို့ဆိုကာ အရွှန်းဖောက်ဟန်နဲ့ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
Ref : GStarLive
Nemo