D.O. ရဲ့ Drama လေးအတွက် OST တစ်ပုဒ်ကို ကူညီအားဖြည့်ပေးခဲ့တဲ့ Suho

D.O. ရဲ့ Drama လေးအတွက် OST တစ်ပုဒ်ကို ကူညီအားဖြည့်ပေးခဲ့တဲ့ Suho

EXO အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ Suho ဟာ သူ့ရဲ့အဖွဲ့ဖော် D.O. ရဲ့ ‘Bad Prosecutor’ OST အတွက် ကူညီအားဖြည့်ပေးခဲ့ခြင်းဖြင့် EXO အဖွဲ့ရဲ့ အပြန်အလှန် အားပေးမှုလေးတွေကို ပြသနိုင်ခဲ့ပါတယ်။

D.O. က ‘Bad Prosecutor’ ထဲမှာ အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားခဲ့သလို သူကိုယ်တိုင်ကလည်း “Bite” ဆိုတဲ့ OST လေးကို သီဆိုထားခဲ့သလို အဖွဲ့ဖော် Suho ကလည်း လတ်တလောမှာပဲ နောက်ထပ် OST တစ်ပုဒ်ကို ကူညီအားဖြည့်ပေးခဲ့တာပါ။

Suho က “Call Me A Freak” လို့ အမည်ရတဲ့ Drama OST လေးကို သီဆိုပေးသွားခဲ့ပြီး D.O. လေးကို အားပေးထောက်ခံခဲ့ရတဲ့အတွက် စိတ်လှုပ်ရှားမှုများကို စုဆောင်းနိုင်ခဲ့ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“Call Me A Freak” ဟာ မြူးမြူးကြွကြွ ဂစ်တာ တီးခတ်မှုများနဲ့အတူ အားကောင်းတဲ့ ဒရမ် စည်းချက်များကို အသုံးပြုထားတဲ့ စည်းချက်ကျကျ သီချင်းတစ်ပုဒ်ဖြစ်ပြီး ကြွယ်ဝတဲ့ ဘေ့စ်သံများနဲ့အတူ အချိုးကျကျ ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။

သီချင်းရဲ့ ထူးခြားတဲ့ စာသားတွေကလည်း မိမိကိုယ်ကို အသိအမှတ်ပြုပြီး ရှေ့သို့တက်လှမ်းခြင်းအတွက် စိတ်ပိုင်းဖြတ်မှုနဲ့ မျှော်လင့်ချက်များကို ဖော်ကျူးနေပြီး Suho ရဲ့ နူးညံ့တဲ့ တေးသံများကလည်း ဒီ OST လေးရဲ့ ထပ်ခါထပ်ခါ နားထောင်လိုမှုကို တိုးလာစေခဲ့ပါတယ်။

Suho ရဲ့ “Call Me A Freak” OST လေးကိုတော့ ယနေ့မှာပဲ အမျိုးမျိုးသော music platform တွေမှာ နားဆင်သွားနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x