ညီမဖြစ်သူ Krystal ရဲ့ မွေးနေ့ကိုကျင်းပပေးဖို့အတွက် တကူးတကအချိန်ပေးပြီး ကိုရီးယားကိုပြန်လာခဲ့တဲ့ Jessica

အဆိုတော်တစ်ယောက်အဖြစ်နဲ့သာမက လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေလျက်ရှိတဲ့ Girls’ Generation အဖွဲ့ဝင်ဟောင်း Jessica ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ညီမဖြစ်သူ Krystal ရဲ့ မွေးနေ့ကို ဆင်နွှဲပေးဖို့အတွက် အားလပ်ချိန်မရှိတဲ့ကြားထဲမှ သီးသန့်အချိန်ပေးပြီး တောင်ကိုရီးယားနိုင်ငံဆီကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။
Krystal ဟာ အခု အောက်တိုဘာလ ၂၄ ရက်နေ့တုန်းက အသက် ၂၉ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး သူမရဲ့ မွေးနေ့ပွဲကိုတော့ ချစ်ရတဲ့သူတွေနဲ့အတူ ဆင်နွှဲကျင်းပဖြစ်ခဲ့ပါတယ်။ အဲဒီလိုဆင်နွှဲပေးခဲ့ကြတဲ့သူတွေထဲမှာ အစ်မအရင်းဖြစ်တဲ့ Jessica ကလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ဒီလိုဆင်နွှဲခဲ့ကြတဲ့ပုံရိပ်အချို့ကိုတော့ Jessica က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွေအထက်ကနေ မျှဝေဖော်ပြပေးခဲ့ပါတယ်။
Jessica အနေနဲ့ အခုလိုမျိုး ကိုရီးယားကိုပြန်လာတာဟာ လအတော်ကြာပြီးမှ ပထမဆုံးအကြိမ်ဖြစ်ပြီး လတ်တလောကာလအတွင်းမှာ သူမဟာ တရုတ်နိုင်ငံမှာပဲ အနုပညာလှုပ်ရှားမှုတွေရှိနေတာဖြစ်ပါတယ်။ အလားတူ Krystal ဟာလည်းပဲ သူမရဲ့ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ တခြားသောအနုပညာလှုပ်ရှားမှုတွေကြောင့် အစ်မဖြစ်သူနဲ့အတူ အချိန်ကုန်ဆုံးနိုင်ဖို့အတွက် မအားလပ်တဲ့ကြားထဲကမှ အချိန်ကို တကူးတကဖယ်ထုတ်ပေးထားဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် Jung Sisters တို့ရဲ့ဒီတွေ့ဆုံမှုဟာ ၈ လကြာပြီးမှ ပထမဆုံးအကြိမ်ပြန်လည်ဆုံစည်မှုဖြစ်ပြီး ညီအစ်မနှစ်ယောက် မျှဝေခဲ့ကြတဲ့ ပုံရိပ်အချို့တို့ဟာဆိုရင်လည်း ပရိသတ်တွေအတွက် ကြည်နူးပီတိဖြစ်စေတာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo