Dior Beauty အတွက် နှုတ်ခမ်းနီ ရိုက်ကူးရေးမှာ ဆွဲအားပြင်းတဲ့နှုတ်ခမ်းအလှကို ပြသခဲ့တဲ့ Jisoo

ကမ္ဘာကျော် Dior Beauty က သူတို့ရဲ့ Limited Edition Rouge Dior နှုတ်ခမ်းနီအသစ် မိတ်ဆက်ပွဲအတွက် ဓာတ်ပုံများနဲ့ ကြော်ငြာ ဗီဒီယိုအသစ်များကို ထုတ်ပြန်ခဲ့ပါတယ်။
Dior Beauty ဟာ ဒီကြော်ငြာအတွက် Jisoo ကို အမျိုးသမီးများကို စွဲဆောင်စေနိုင်မယ့် နှုတ်ခမ်းနီအသစ်ကို ပရိုမိုးရှင်း ပြုလုပ်စေခဲ့ပြီး ပိုမိုမြင်သာတဲ့ အသွင်အပြင်နဲ့ နှုတ်ခမ်း အလှတရားတို့ကိုလည်း Jisoo က ပြသနိုင်ခဲ့တာပါ။
Dior ရဲ့ Global Ambassador ဖြစ်သူ Jisoo က Rouge Dior Forever နှုတ်ခမ်းနီကို ၀တ်ဆင်ထားပြီး ပြင်းထန်ရဲရင့်တဲ့ ဒီ အရောင်ဟာ ၁၆ နာရီကြာ ခံနိုင်ရည်စွမ်းရှိပြီး ပေါ့ပါးတဲ့ နှုတ်ခမ်းသားကိုလည်း တစ်နေ့တာလုံး နူးညံ့သိမ်မွေ့တဲ့ ခံစားချက်ကိုရရှိစေမှာပါ။
Jisoo ဟာ 647 Forever Feminine ရှိ လွှဲပြောင်း-ခံနိုင်သော Rouge Dior Forever နှုတ်ခမ်းနီအသစ်ကို အသုံးပြု၍ ရိုးရှင်းတဲ့ မိတ်ကပ်အသွင်အပြင်ကို ရဲရင့်လှတဲ့ နှုတ်ခမ်းဖြင့် အချိုးကျ ပေါင်းစပ်ရင်း သူမရဲ့အလှကို အားကောင်းစေပါတယ်။
Jisoo ဟာ အထင်ကရ Dior shade 999 Forever Dior နဲ့ Dior Vernis in 999 ကိုလည်း လိုက်ဖက်ညီစွာ ဆင်မြန်းထားခဲ့ပါတယ်။ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီနေတဲ့ Jisoo ရဲ့ အလှတရားတွေကတော့ အနှိုင်းမဲ့ပါပဲကွယ်။