ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားယောကျာ်းလေးကို လာမယ့်ဒီဇင်ဘာလထဲမှာ မွေးဖွားတော့မယ့် Son Ye Jin

အောက်တိုဘာလ ၂၈ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့သတင်းအရ လက်ရှိမှာ ကိုယ်ဝန်ဆောင်ကာလကိုဖြတ်သန်းနေရတဲ့ မင်းသမီး Son Ye Jin ဟာဆိုရင် လာမယ့်ဒီဇင်ဘာလထဲမှာ သူမရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားတော့မှာဖြစ်ပြီး အဆိုပါရင်သွေးလေးကတော့ သားယောကျာ်းလေးဖြစ်တယ်လို့လည်း သိရပါတယ်။
Son Ye Jin ဟာ သူမမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက တရားဝင်အသိပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ ချစ်ခင်ရသူမိတ်ဆွေသူငယ်ချင်းတွေဆီကလည်း ဂုဏ်ပြုဆုတောင်းစကားတွေကို ကောင်းမွန်စွာလက်ခံရရှိခဲ့ပါတယ်။
Hyun Bin နဲ့ Son Ye Jin တို့ဟာဆိုရင်တော့ ၂၀၁၈ ခုနှစ်တုန်းက ပြသခဲ့တဲ့ The Negotiation ရုပ်ရှင်ဇာတ်ကားမှာ စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်အရောက်မှာတော့ Crash Landing On You ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ချစ်သူတွေအဖြစ်ကိုရောက်ရှိလာခဲ့ကြကာ အခု ၂၀၂၂ ခုနှစ် မတ်လမှာတော့ တရားဝင်လက်ထပ်မင်္ဂလာပွဲကိုဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
Ref : GStarLive
Nemo