သူငယ်ချင်းဖြစ်သူကို ကူညီဖို့အတွက် စားသောက်ဆိုင်ရဲ့ ငွေရှင်းကောင်တာမှာ အချိန်ပိုင်းလုပ်အားပေးခဲ့တဲ့ Han So Hee

လက်ရှိကိုရီးယားအနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Han So Hee ဟာဆိုရင် အခု အောက်တိုဘာလ ၂၇ ရက်နေ့တုန်းက အင်စတာဂရမ်စတိုရီကနေ သူမရဲ့ပုံရိပ်တစ်ခုမျှဝေပေးခဲ့ပြီး အဲဒီပုံထဲမှာတော့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ငွေရှင်းကောင်တာမှာ အချိန်ပိုင်းသဘောအနေနဲ့ လုပ်ကိုင်နေတဲ့ သူမကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆိုပါပုံကိုတင်တဲ့အခါမှာ Han So Hee က “အချိန်ပိုင်းအလုပ်လေး ပြီးသွားပါပြီ” လို့ရေးသားထားတဲ့အပြင် စားသောက်ဆိုင်ရဲ့ အကောင့်ကိုလည်း Tag တွဲထားတာ‌ကြောင့် အဆိုပါဆိုင်ဟာ သူမရဲ့သူငယ်ချင်းတစ်ဦးပိုင်ဆိုင်တဲ့ ဆိုင်ဖြစ်တယ်ဆိုတာကိုသိရှိခဲ့ကြပါတယ်။

ဒါ့အပြင် သူမဟာ သူငယ်ချင်းကို ကူညီဖို့အတွက် ယင်းဆိုင်မှာ ၃ နာရီကြာမျှ လုပ်အားပေးခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူထံမှ ၃ နာရီကြာလုပ်အားခကို စနောက်တဲ့ဟန်နဲ့ ဦးညွှတ်ပြီး တရိုတသေယူခဲ့ပုံကိုလည်း နောက်ထပ်စတိုရီတစ်ခုကနေ မျှဝေပေးခဲ့တာကို တွေ့ရပါတယ်။

အင်တာနက်အသုံးပြုသူပရိသတ်တွေကတော့ လက်ရှိမှာ နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်နေပေမယ့် မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာ ပြောင်းလဲခြင်းမရှိဘဲ နွေးထွေးစွာကူညီပေးတတ်တဲ့ သူမရဲ့စိတ်ဓာတ်ကို ချီးကျူးထားကြပြီး အပြင်မှာတွေ့ခဲ့တဲ့သူတွေကလည်း သူမရဲ့ ယဉ်ကျေးသိမ်‌မွေ့ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြုအမူ၊ အပြောအဆိုတို့ကို ချီးကျူးပေးခဲ့ကြပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x