သားဦးလေးကို ကြိုဆိုတဲ့အနေနဲ့ ဇိမ်ခံကလေးတွန်းလှည်းတစ်စီးကို ဝယ်ယူခဲ့တဲ့ ဖေဖေ Hyun Bin
သားဦးလေးကို ကြိုဆိုတဲ့အနေနဲ့ ဇိမ်ခံကလေးတွန်းလှည်းတစ်စီးကို ဝယ်ယူခဲ့တဲ့ ဖေဖေ Hyun Bin
မတ်လနှောင်းပိုင်း သူတို့ရဲ့ မင်္ဂလာပွဲအပြီးမှာ Son Ye Jin ဟာ ကိုယ်ဝန်ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ထိပ်တန်းနာမည်ကြီးနှစ်ဦးရဲ့ ရင်သွေးလေးဟာ Korean showbiz က သြဇာအရှိဆုံး ကလေးငယ်များထဲမှ တစ်ဦးဖြစ်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
မကြာသေးမီက Naver Cafe အသုံးပြုသူတစ်ဦးက Hyun Bin နဲ့ Son Ye Jin တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ ၂၉၉ ခုသာ ရှိတဲ့ ကန့်သတ်ထုတ်လုပ်ထားတဲ့ ဇိမ်ခံ ကလေးတွန်းလှည်းကို ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်လာခဲ့တာပါ။
ဒီတွန်းလှည်းလေးရဲ့ စျေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ လင်မယားနှစ်ယောက်ရဲ့ ရင်သွေးလေးအပေါ် ရင်းနှီးမှုတွေကြောင့်လည်း လူအများကို အံ့အားသင့်နေကြပြီး သားလေးက လူ့လောကထဲတောင် မရောက်သေးခင်မှာပဲ လူအများရဲ့ အာရုံစိုက်မှုကို ခံနေခဲ့ရပါပြီ။
သိပ်မကြာခင်ကပဲ Hyun Bin နဲ့ Son Ye Jin တို့ဟာ ကံကောင်းခြင်း သင်္ကေတ၊ ချမ်းသာကြွယ်ဝမှုတို့နဲ့ သားလေးရဲ့အခန်းကို အလှဆင်ထားပုံကို ဖော်ပြလာခဲ့ပြီး ဝက်ရုပ်ပုံလေးတွေပြည့်နေတဲ့ ချစ်စဖွယ် ကလေးငယ်ခန်းလေးကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ BinJin ဇနီးမောင်နှံရဲ့ ရင်သွေးဦးလေးဟာ ဒီဇင်ဘာလမှာ လူ့လောကထဲ ရောက်ရှိလာတော့မယ်လို့ သိရတာကြောင့် ပရိသတ်တွေကြား မျှော်လင့်စောင့်စားမှုတွေ မြင့်တက်နေခဲ့ပါပြီ။