အောက်တိုဘာလအတွက် သြဇာအလွှမ်းမိုးနိုင်ဆုံးဖြစ်ခဲ့ကြတဲ့ ကိုရီးယား အနုပညာရှင်များ
အောက်တိုဘာလအတွက် သြဇာအလွှမ်းမိုးနိုင်ဆုံးဖြစ်ခဲ့ကြတဲ့ ကိုရီးယား အနုပညာရှင်များ
Korean Business Research Institute ကတော့ နိုင်ငံအတွင်း သြဇာလွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်တွေအတွက် ယခုလရဲ့ ဂုဏ်သတင်း အဆင့်သတ်မှတ်များကို ကြေငြာခဲ့ပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ စုစည်းထားတဲ့ ဒေတာအကြီးစားတွေကို အသုံးပြုပြီး ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှု အမူအကျင့်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အဆင့်သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
BLACKPINK တို့ကတော့ ကျော်ကြားမှုဂုဏ်သတင်း အညွှန်းကိန်း 2,896,747 ဖြင့် စာရင်းရဲ့ ထိပ်ဆုံးမှ ရပ်တည်နေပြီး သြဂုတ်လက သူတို့ရဲ့ score ထက် 175.81% တိုးမြင့်လာခဲ့ပါတယ်။
BTS ကတော့ ကျော်ကြားမှုဂုဏ်သတင်း အညွှန်းကိန်း 2,632,046 ဖြင့် စာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး သြဂုတ်လနောက်ပိုင်း သူတို့ရဲ့ ရမှတ် ထက် 5.36% မြင့်တက်လာခဲ့ပါတယ်။
Lee Jung Jae ကလည သြဂုတ်လမှစတင်ပြီး ကျော်ကြားမှုဂုဏ်သတင်း အညွှန်းကိန်းတွင် 181.06% သိသိသာသာ မြင့်တက်လာပြီးနောက် တစ်လအတွက် စုစုပေါင်းရမှတ် 2,035,733 သို့ တက်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဘောလုံးကြယ်ပွင့် Son Heung Min နဲ့ ထရိတ် အဆိုတော် Lim Young Woong တို့က အောက်တိုဘာလအတွက် ထိပ်တန်းငါးဦးစာရင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။