တွေ့ခဲ့ဖူးသမျှမင်းသမီးတွေထဲမှာ “Yaya Urassaya” က အလှဆုံးဖြစ်တယ်လို့ပြောလာတဲ့ Mario Maurer

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Mario Maurer ဟာဆိုရင် အခု အောက်တိုဘာလ ၂၅ ရက်နေ့တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ “Goy Natty Dream” ရှိုးအစီအစဉ်မှာ အထူးဧည့်သည်အဖြစ်ပါဝင်တင်ဆက်ခဲ့ပါတယ်။

အဆိုပါ အစီအစဉ်မှာတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Goy Arachaporn က Mario ကို သူ့အနေနဲ့ ဘယ်မင်းသမီးကို အလှဆုံးဖြစ်တယ်လို့ထင်မိသလဲဆိုတဲ့ မေးခွန်းကိုမေးမြန်းခဲ့တာ တွေ့ရပါတယ်။

ဒီအခါမှာတော့ Mario က ချက်ချင်းဆိုသလို တုံ့ဆိုင်းခြင်းမရှိဘဲ သူနဲ့အတူ Bad Romeo ဇာတ်လမ်းတွဲထဲမှာ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Yaya Urassaya က အလှဆုံးဖြစ်ကြောင်းနဲ့ Yaya ဟာ လှလည်းလှသလို ချစ်စရာလည်းကောင်းတဲ့သူဖြစ်တယ်ဆိုတာကိုလည်း ပြောပြသွားခဲ့ပါတယ်။

Mario ဟာ သူ့အနေနဲ့ Yaya ရဲ့ချစ်သူ မင်းသား Nadech Kugimiya နဲ့ ဟိုးအရင်ကတည်းက မိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်ဆိုပေမယ့်လည်း Yaya နဲ့ကတော့ စကားပြောဖြစ်တာရှားပါးခဲ့ပြီး Bad Romeo ရိုက်ကူးတော့မှသာလျှင် ရှက်ရွံ့ခြင်းမရှိတော့ဘဲ စကားပြောရဲလာတာဖြစ်တယ်လို့ ဆိုပါတယ်။

Mario နဲ့ Yaya တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “Bad Romeo” ဇာတ်လမ်းတွဲဟာဆိုရင် ‌ကြည့်ရှုနှုန်းများပြားခဲ့ပြီး ဒီနှစ်အတွင်း Thai Channel 3 ရုပ်သံလိုင်းကနေပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x