Itaewon ဖြစ်ရပ်ဆိုးကြောင့် Album ထွက်ရှိမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ Chen

EXO အဖွဲ့ဝင် Chen ဟာ သူ့ရဲ့ လာမယ့် တတိယမြောက် တစ်ကိုယ်တော် mini-album ‘Last Scene’ ထွက်ရှိမှုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရွှေ့ဆိုင်းခဲ့ရခြင်းနဲ့ ပတ်သက်ပြီး SM Entertainment ရဲ့ ဖော်ပြချက်မှာတော့ Chen ရဲ့ တတိယမြောက် mini-album ‘Last Scene’ ထွက်ရှိမယ့်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေငြာထားခဲ့တာပါ။
၂၉ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ Itaewon ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ပြီး Album ကို စောင့်နေတဲ့ ပရိသတ်တွေဆီက နားလည်မှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Chen ရဲ့ 3rd mini-album လေး ‘Last Scene’ ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပြီး ထွက်ရှိမယ့်ရက်ကို အတည်ပြုပြီးတာနဲ့ အသိပေးသွားမယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။