ကမ္ဘာတစ်ဝှမ်းမှာ Netflix ရဲ့ လူကြည့်အများဆုံး ထိပ်တန်းရုပ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ “20 Century Girl”

ကမ္ဘာတစ်ဝှမ်းမှာ Netflix ရဲ့ လူကြည့်အများဆုံး ထိပ်တန်းရုပ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ “20 Century Girl”

Netflix ဟာ ၂၀၁၆ ခုနှစ်ကစပြီး ကိုရီးယားသို့ ဝင်ရောက်လာကတည်းက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး K-Drama တွေကတော့ အတော်လေးကို အောင်မြင်မှုတွေ ရရှိခဲ့ပေမဲ့ K-Movie တွေကတော့ ထင်ထားသလောင် အောင်မြင်မှုတွေ မရရှိခဲ့ကြပါဘူး။

ကြည့်ရှုနှုန်းမြင့်တက်ခဲ့တဲ့ Song Joong Ki “Space Sweepers” ရုပ်ရှင်အပြီး K-Movie တွေရဲ့ အောင်မြင်နှုန်းဟာ Netflix မှာ သိသိသာသာ ကျဆင်းလာခဲ့ပေမဲ့ “20th Century Girl” ကတော့ နားလည်ရလွယ်ကူတဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ကမ္ဘာ့ပရိသတ်ကို စွဲမက်စေခဲ့ပါတယ်။

ဒီရုပ်ရှင်လေးဟာ အချစ်ဇာတ်လမ်းများနဲ့ ပြည့်နှက်နေပေမဲ့ ၁၉၉၀ ခုနှစ်များအတွင်းက အတွေ့အကြုံသစ်များကို အကျွမ်းတဝင်ရှိစေသလို Netflix Worldwide Movie Ranking မှာလည်း အဆင့် ၅ နေရာမှာ ရပ်တည်ထားနိုင်ခဲ့အထိ လူကြိုက်များခဲ့ပါတယ်။

ရုပ်ရှင်ထွက်အပြီး ကိုရီးယား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ် အပါအဝင် နိုင်ငံလေးခုမှာ လူကြည့်အများဆုံး ပထမနေရာကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂျပန်၊ ဘိုလီးဗီးယား၊ အီကွေဒေါ၊ ဟွန်ဒူးရပ်စ်၊ မလေးရှား၊ နီကာရာဂွာ၊ ပီရူး၊ ဖိလစ်ပိုင်၊ ဆာဗေးဒေါနဲ့ ထိုင်းတို့မှာလည်း ဒုတိယနေရာကို ရယူထားနိုင်ခဲ့တဲ့ လူကြည့်များနှုန်းတွေကတော့ တကယ့်ကို အံ့အားသင့်စရာပါ။

အရင်တစ်ပတ်ကလည်း Worldwide Movie Ranking မှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့တဲ့ “20 Century Girl” ကတော့ မင်းသမီးချောလေး Kim Yoo Jung ကို ဦးတည်ထားပြီး သူမကလည်း ရုပ်ရှင်ရဲ့ ဗဟိုချက်ကနေ ဇာတ်လမ်းတစ်ခုလုံးကို ကောင်းမွန်စွာ ဦးဆောင်ခဲ့ပါတယ်။

Kim Yoo Jung ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေအပြင် Han Hyo Joo, Gong Myung နဲ့ Ong Seung Woo တို့ရဲ့ ထူးထူးခြားခြား ပါဝင်မှုက ဇာတ်လမ်းအတွက် ပိုပျော်စရာကောင်းသလို ၁၉၉၀ ခုနှစ်တွေမှာ ဦးတည်ထားတာကြောင့် ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ်များအတွင်း မွေးဖွားလာတဲ့ ပရိသတ်များအတွက်လည်း အတွေ့အကြုံ အသစ်အဆန်းတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x