မင်းသားကြီး Ken Theeradeth ရဲ့မိသားစုနဲ့ အထူးဆက်ဆံရေးမျိုးရှိနေတဲ့ Toey Jarinporn

မင်းသမီးချော Toey Jarinporn ဟာ ရေပန်းအစားဆုံး မင်းသမီးများထဲမှ တစ်ဦးဖြစ်ပြီး Thai TV Channel 3 မှ ကြည့်ရှုအားပေးမှုများစွာ ရရှိထားသူဖြစ်ပါတယ်။
ဒီကောင်မလေးဟာ မျက်နှာချိုချိုလေးနဲ့ သူမရဲ့ ဖော်ရွေမှုတွေကြောင့် ပရိသတ်တွေက သူမကို ချစ်ကြရုံသာမက တွဲဖက်သရုပ်ဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားလေ့ရှိပါတယ်။
Toey ဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ မင်းသားကြီး Ken Theeradeth အကြောင်းကို မေးမြန်းခဲ့ရာမှာတော့ မင်းသမီးက သူနဲ့ စီနီယာမင်းသားကြီးတို့ကြားက ရင်းနှီးတဲ့ ဆက်ဆံရေးအကြောင်းကို ပြောပြသွားခဲ့ပါတယ်။
Toey က “အစ်ကို Ken ရဲ့ မိသားစုနဲ့ ဂျပန်မှာ ရေခဲစကိတ်စီးရင်း အဲဒီကနေ စသိသွားခဲ့တာပါ။ နောက်ပိုင်းတွေမှာလည်း ကျွန်မက အစ်ကိုတို့ဆီ ခဏခဏ သွားလည်တယ်လေ။ အစ်မ (Ken ရဲ့ဇနီး Noi Busakorn) ကလည်း ကျွန်မလာတိုင်း ထမင်းကျွေးပါတယ်။”
“အစ်မက ချစ်စရာကောင်းပြီး ဟင်းချက်လည်းတော်တာကြောင့် ကျွန်မက အိမ်ခဏခဏ သွားလည်ရင်း အစ်ကို Ken ရဲ့ မိသားစုနဲ့ပါ အခုလိုမျိုး ရင်းနှီးလာခဲ့တာပါ။ အစ်ကိုတို့ မိသားစုကလည်း ကျွန်မကို သူတို့ရဲ့ မိသားစုဝင်တစ်ယောက်လို ဆက်ဆံပေးပါတယ်။” ပြောကြားသွားခဲ့ပါတယ်။