ပဲရစ်မြို့မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်တဲ့ Sean Jindachot

“အစ်ကိုမွန်” ဆိုတဲ့နာမည်နဲ့ မြန်မာပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူထားနိုင်ခဲ့တဲ့ ထိုင်းမင်းသား Sean Jindachot ဟာဆိုရင် အောက်တိုဘာလ ၃၀ ရက်နေ့ ဒီနေ့မှာ သူ့ရဲ့ ချစ်သူမိန်းကလေးကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို Sean က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် အသိပေးခဲ့တာဖြစ်ပြီး ယင်းပို့စ်ရဲ့အောက်မှာတော့ နာမည်ကြီးထိုင်းအနုပညာရှင်တွေ အပါအဝင် ပရိသတ်ပေါင်းများစွာက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောပေးထားကြတာကို တွေ့ရပါတယ်။

Pipa လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အဆိုပါမိန်းကလေးရဲ့ နာမည်အရင်းကတော့ Pipatchara Petch Kaeojinda ဖြစ်ပြီး သူမဟာ အနုပညာနယ်ပယ်ထဲကမဟုတ်ဘဲ Pipatchara ဆိုတဲ့ ဖက်ရှင်အမှတ်တံတိပ်ကို တည်ထောင်ထားသူဖြစ်ပါတယ်။

Ref : Sean’s Instagram
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x