Gucci ရဲ့ Brand Ambassador အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ NewJeans အဖွဲ့ဝင် Hanni

အခုပြီးခဲ့တဲ့ ဩဂုတ်လ ၁ရက်နေ့တုန်းကမှ ပွဲဦးထွက်ထားတဲ့ NewJeans အဖွဲ့ဝင် Hanni ဟာဆိုရင် ကမ္ဘာကျော်ဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gucci ရဲ့ သံတမန်အသစ်အဖြစ် ရွေးချယ်ခံထားရပြီး ဒီအကြောင်းကိုတော့ အခု အောက်တိုဘာလ ၂၈ ရက်နေ့တုန်းက NewJeans ရဲ့ အင်စတာဂရမ်စာမျက်နှာကနေ တရားဝင်အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။

NewJeans အဖွဲ့ဟာ ပွဲမထွက်ခင်အချိန်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိနေခဲ့တာဖြစ်ပြီး ပွဲထွက်လာတဲ့အချိန်မှာလည်း ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်သန်းပေါင်းများစွာရဲ့ အားပေးကြိုက်နှစ်သက်မှုကို တစ်ခဲနက်ဆိုသလို အခိုင်အမာရရှိခဲ့တာကို တွေ့ရပါတယ်။

ပရိသတ်တွေကတော့ ပွဲထွက်သက်တမ်းကာလ နုနယ်သေးတဲ့ Hanni ကို အခုလိုမျိုး Gucci ဘက်က သံတမန်အဖြစ် ရွေးချယ်လိုက်တဲ့အပေါ်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေ ရေးသားပေးထားကြပြီး Hanni ရဲ့ ပုံစံအသွင်အပြင်က Gucci ဘက်က လိုချင်တဲ့ပုံစံမျိုးနဲ့ ကိုက်ညီနေတယ်လို့လည်း မှတ်ချက်တွေရေးထားကြတာကို တွေ့ရပါတယ်။Hanni ကို သံတမန်အဖြစ် ခန့်အပ်ပွဲကိုတော့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x