ကြော်ငြာမော်ဒယ်လ်အဖြစ် ပွဲထွက်လာတဲ့ TWICE အဖွဲ့ခေါင်းဆောင် Jihyo ရဲ့ ညီမအရင်း

နာမည်ကျော် TWICE အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Jihyo ရဲ့ ညီမဖြစ်သူဟာဆိုရင် လက်ရှိအချိန်မှာ ကြော်ငြာမော်ဒယ်လ်အဖြစ် စတင်ပွဲဦးထွက်ခဲ့ပြီဖြစ်ပြီး သူမရဲ့ ပွဲဦးထွက်ကြော်ငြာပုံရိပ်တွေကိုတော့ အင်စတာဂရမ်က ဖက်ရှင်အမှတ်တံဆိပ်တစ်ခုရဲ့ စာမျက်နှာအထက်မှာ တွေ့မြင်နိုင်ပါတယ်။

အဆိုပါပုံတွေကို ယင်းဖက်ရှင်အမှတ်တံဆိပ်ကနေ စတင်ထုတ်ပြလိုက်တဲ့အချိန်မှာ TWICE ရဲ့အမာခံပရိသတ်အချို့က သူမကို ရင်းရင်းနှီးနှီးတွေ့မြင်ဖူးသလို ခံစားလိုက်ရတာကြောင့် လိုက်လံရှာဖွေခဲ့ကြရာကနေ သူမဟာ Jihyo ရဲ့ ညီမတစ်ယောက်ဖြစ်နေတယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။

Jihyo မှာ ၂၀၀၂ ခုနှစ်တုန်းကမွေးဖွားတဲ့ ညီမတစ်ယောက်နဲ့ ၂၀၀၈ ခုနှစ်မှာမွေးဖွားတဲ့ ညီမတစ်ယောက်ရှိပြီး အခု‌ ကြော်ငြာမော်ဒယ်လ်အဖြစ် လှုပ်ရှားနေတဲ့သူကတော့ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ညီမ ဖြစ်ပါတယ်။

ပုံတွေထဲမှာမြင်တွေ့ရတဲ့ပုံစံအရဆိုရင် Jihyo နဲ့ သူ့ရဲ့ ညီမဖြစ်သူတို့ဟာ မျက်လုံးပုံစံနဲ့ မျက်နှာဝိုင်းတဲ့ပုံစံတို့ ခပ်ဆင်ဆင်တူသလိုရှိပေမယ့် ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ မတူညီသ‌ယောင်ဖြစ်နေတာကို တွေ့ရမှာပါ။

ဒါ့အပြင် ညီအစ်မနှစ်ယောက်ရဲ့ အသွင်အပြင်နဲ့ ဝတ်စားမှုပုံစံတို့ကလည်း ကွဲပြားနေတာကြောင့် မသိကြတဲ့သူတွေကတော့ သူမတို့ကို ညီအစ်မတွေလို့ ထင်မှတ်ကြမှာ မဟုတ်ပါဘူး။

ပရိသတ်တွေကတော့ Jihyo တို့ ညီအစ်မတွေဟာ ချောမောလှပမှုကိုယ်စီရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အလှပုံစံချင်းကလည်း ကွဲပြားစွာနဲ့ ဆွဲဆောင်မှုရှိတယ်လို့ မှတ်ချက်အသီးသီးရေးသားထားကြတာကို တွေ့ရပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x