After School အဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့တဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေအကြောင်းကို ဖွင့်ဟလာတဲ့ UEE

After School ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ သရုပ်ဆောင်မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်နေလျက်ရှိတဲ့ UEE ဟာဆိုရင် သူမအနေနဲ့ Idol အဖြစ် လှုပ်ရှားခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံးအချိန်တွေအကြောင်းကို ‘Once in a Lifetime, Kilimanjaro’ အစီအစဉ်မှာ အခုလိုပဲ ဖွင့်ဟပြောပြလာခဲ့ပါတယ်။
အဆိုပါအစီအစဉ်မှာ သူမက သူမလိုမျိုးပဲ Idol အဖြစ် ခြေလှမ်းစတင်ခဲ့ပြီးမှ သရုပ်ဆောင်နယ်ပယ်ထဲကို ဝင်ရောက်ခဲ့တဲ့ မင်းသမီး Yoo Eun Hye နဲ့ Oh My Girl အဖွဲ့ဝင် Hyojung တို့နဲ့အတူ ပါဝင်တင်ဆက်ခဲ့တာဖြစ်ပြီး သူမရဲ့ ရင်ထဲကခံစားချက်တချို့ကိုတော့ တောင်တက်နေတဲ့အချိန်မှာ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။
“အဲဒီတုန်းကဆိုရင် ကျွန်မတို့တွေက နေမကောင်းလို့ မသွားချင်၊ မလာချင်တဲ့အချိန်တွေမှာတောင် ဖျော်ဖြေပွဲတွေနဲ့ ကျောင်းပွဲတော်တွေ အများကြီးကိုလှည့်ပြီး တင်ဆက်ခဲ့ရတာ”
“ရသလောက် အားတင်းပြီးဖျော်ဖြေပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတော့ ကကွက်တွေကိုလည်း သေချာလိုက်ပြီး မကနိုင်ခဲ့ဘူးလေ …. အဲဒီတော့ စတိတ်ပေါ်မှာ ငိုတော့တာပဲ .. ဒါပေမယ့် အကောင်းဆုံးတော့ ကြိုးစားတင်ဆက်ခဲ့ပါတယ်” လို့ဆိုကာ UEE က သူမရဲ့ ခံစားချက်အချို့တို့ကို ရင်ဖွင့်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ Yoon Eun Hye က “နေမကောင်းတဲ့အချိန်ဆိုတာက ဝမ်းအနည်းဆုံးအချိန်ပဲလေ .. အဲဒီလိုအချိန်မျိုးမှာတောင် ခံစားချက်တွေအားလုံးကို မြိုသိပ်ဖုံးကွယ်ထားရတာဆိုတော့ ပိုပင်ပန်းတာပေါ့” လို့ဆိုကာ စာနာနားလည်တဲ့မှတ်ချက်ကို ပေးခဲ့တာတွေ့ရပါတယ်။
Ref : Allkpop
Nemo