ဒိတ်တင်းသတင်းမှန်ကန်ကြောင်းကို Rocky ဘက်မှအတည်ပြုလိုက်သော်လည်း Park Bo Yeon ဘက်မှငြင်းဆို

ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ASTRO အဖွဲ့ဝင် Rocky နဲ့ မင်းသမီး Park Bo Yeon တို့ဟာ ချစ်သူတွေအဖြစ်ကိုရောက်ရှိနေကြပြီဆိုတဲ့ သတင်းပါပဲ။
ဒီလိုသတင်းထွက်ရှိလာပြီးနောက် နာရီပိုင်းအကြာမှာတော့ Rocky ရဲ့အေဂျင်စီဖြစ်တဲ့ Fantagio ဘက်ကနေ အဆိုပါသတင်းဟာ မှန်ကန်ကြောင်းကို အတည်ပြုချက်ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါပေမယ့် မရှေးမနှောင်းမှာပဲ Park Bo Yeon ရဲ့အေဂျင်စီဘက်ကတော့ ကာယကံရှင်နှစ်ဦးဟာ ရှိုးပွဲတစ်ခုကနေတစ်ဆင့် သိကျွမ်းရင်းနှီးလာခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေသာဖြစ်တယ်လို့ဆိုကာထုတ်ပြန်ပေးခဲ့ပြီး ထွက်ရှိနေတဲ့သတင်းတွေအပေါ်မှာ ငြင်းဆန်ပေးလိုက်တာကို တွေ့ရပါတယ်။
အွန်လိုင်းအသုံးပြုကြသူတွေ ပရိသတ်တွေကတော့ Rocky နဲ့ Park Bo Yeon တို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်နေကြတယ်လို့ပဲ ယုံကြည်ထားကြတာကြောင့် အခုလိုမျိုးနှစ်ယောက်သားရဲ့ မတူညီတဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာ မှတ်ချက်အမျိုးမျိုးပေးနေလျက်ရှိကြပါတယ်။
Ref : Koreaboo
Nemo