Yoo Ah In ကြောင့် အီထယ်ဝန်မှာ လူပိမှုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အေဂျင်စီဘက်မှ အခိုင်အမာငြင်းဆို

အောက်တိုဘာလ ၂၉ ရက်နေ့ ညတုန်းက အီထယ်ဝန်မှာ လူတွေပြိုပိကျပြီးနောက် လူပေါင်း ၁၅၀ ကျော် သေဆုံးသွားခဲ့တဲ့ သတင်းကိုတော့ ပရိသတ်တွေအားလုံးသိထားကြပြီးဖြစ်မှာပါ။ ဘယ်လိုအကြောင်းအရင်းကြောင့် ဒီလောက်အထိများပြားလှတဲ့ လူတွေပိကျပြီး သေဆုံးခဲ့ရသလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့်လည်း ကိုရီးယားလူမျိုး အင်တာနက်အသုံးပြသူပရိသတ်တွေအကြားမှာတော့ ကောက်ချက်ချမှုတစ်ခုက ကောလဟာလသတင်းတစ်ခုသဖွယ် ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒါကတော့ အဆိုပါနေ့တုန်းက အခင်းဖြစ်ပွားရာ အနီးအနားတစ်ဝိုက်ကို လူသိများတဲ့အနုပညာရှင်တစ်ယောက် ရောက်ရှိလာတာကြောင့် လူတွေက ယင်းအနုပညာရှင်ကို တွေ့မြင်ရဖို့အတွက် စုပြုံတိုးဝှေ့ကြရာမှ အခုလိုကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးကို ကြုံတွေ့လိုက်ရခြင်းဖြစ်တယ်ဆိုတာပါပဲ။
အဲဒီနောက်မှာတော့ အဆိုပါအနုပညာရှင်ဆိုသူဟာ အီထယ်ဝန်တစ်ဝိုက်မှာနေထိုင်ကြတဲ့ နာမည်ကျော်တွေထဲက တစ်ယောက်ဖြစ်သူ Yoo Ah In ဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း နိုဝင်ဘာလ ၁ ရက်နေ့ မနေ့တုန်းက Yoo Ah In ရဲ့ အေဂျင်စီဘက်ကတော့ ဒီသတင်းတွေနဲ့ မှတ်ချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ အခိုင်အမာ ငြင်းချက်ထုတ်ပြန်ပေးခဲ့သလို Yoo Ah In ကလည်း အဲဒီ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကတည်းက နိုင်ငံရပ်ခြားကိုထွက်သွားတာဖြစ်တယ်လို့ ရှင်းပြပေးခဲ့တာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo