Zoombie ဇာတ်ကားသစ်နဲ့ ဖန်သားပြင်ထက်ကို ပြန်လည်ရောက်ရှိလာတော့မယ့် Ji Yeon
Zoombie ဇာတ်ကားသစ်နဲ့ ဖန်သားပြင်ထက်ကို ပြန်လည်ရောက်ရှိလာတော့မယ့် Ji Yeon
T-ara အဖွဲ့ဝင် Ji Yeon ကတော့ ‘ Gangnam Zombie’ ဇာတ်ကားသစ်နဲ့အတူ ဖန်သားပြင်ထက်ကို ပြန်လည်ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ အတည်ပြုထားတဲ့ ‘Gangnam Zombie’ ဇာတ်ကားသစ်ဟာ မင်းသား Ji Il Joo နဲ့ T-ara အဖွဲ့ဝင် Ji Yeon တို့ရဲ့ တစ်ဦးချင်းဇာတ်ကောင် ပိုစတာများကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ပိုစတာတွေမှာတော့ Ji Yeon နဲ့ Ji Il Joo တို့က ဖုတ်ကောင်များကို တိုက်ခိုက်ပြီး ရှင်သန်ရန် အပြင်းအထန်ကြိုးနေကြတဲ့ အခိုက်အတန့်တွေကို တွေ့မြင်နိုင်ပါတယ်။
‘Gangnam Zombie’ ဟာ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ Gangnam ကို သိမ်းပိုက်ထားတဲ့ ဖုတ်ကောင်များရဲ့ လူသားတို့ကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဖြစ်ရပ်ကို ပုံဖော်ထားတာပါ။
Ji Yeon က ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုတွေကို ရှင်သန်ဖို့ သူ့အသက်အန္တရာယ်ကို စွန့်စားရတဲ့ ရဲရင့်တဲ့ Minjung အဖြစ် သရုပ်ဆောင်ထားပါတယ်။ တော်တော်များများက Ji Yeon ရဲ့ သရုပ်ဆောင်မှု အသွင်အပြင်နဲ့ Ji Il Joo နဲ့ သူမရဲ့ ဖန်သားပြင်ပေါ်က chemistry ကိုလည်း စောင့်မျှော်နေကြပါတယ်။
‘Gangnam Zombie’ ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး ရုပ်ရှင်ရုံများတွင် ရုံတင်ပြသွားတော့မှာပါ။