ဖခင်ဖြစ်သူရဲ့ အားလပ်ချိန်တွေအတွက် ပင်လယ်ကမ်းစပ်မှာအနားယူဖို့ အိမ်ကြီးတစ်လုံးဝယ်ပေးခဲ့တဲ့ Yaya

ဖခင်ဖြစ်သူရဲ့ အားလပ်ချိန်တွေအတွက် ပင်လယ်ကမ်းစပ်မှာအနားယူဖို့ အိမ်ကြီးတစ်လုံးဝယ်ပေးခဲ့တဲ့ Yaya

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ Yaya Urassaya ဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး အနုပညာရှင်တွေထဲက တစ်ယောက်အဖြစ် လူအများက သတ်မှတ်ထားကြပါတယ်။

ထို့အတွက်ကြောင့် Yaya လေးရဲ့ တစ်လ ပျမ်းမျှဝင်ငွေမှာလည်း ပိုလျှံစျေးနှုန်းကို ရရှိမည်ဖြစ်သည်။ သရုပ်ဆောင်အလုပ်တွေနဲ့ ဝင်ငွေတွေရတဲ့အပြင် Yaya ဟာ သူမရဲ့ အဓိက ဝင်ငွေ အရင်းအမြစ်ဖြစ်တဲ့ နာမည်ကြီး Brand တော်တော်များများရဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ်ကလည်း မြောက်များစွာတဲ့ ဝင်ငွေတွေ ရရှိနေပါတယ်။

တစ်နှစ်ထက်တစ်နှစ် ဝင်ငွေတွေ ပိုတိုးပြီးရှာထားနိုင်တဲ့ မင်းသမီးချောလေး Yaya ရဲ့ မိသားစုဘဝလေးကတော့ ပျော်ရွှင်ချမ်းမြေ့စရာပါပဲ။ ဝင်ငွေကောင်းတဲ့ မင်းသမီးလေး Yaya ကလည်း မိဘတွေကို အမြဲကျေးဇူးသိတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ပါ။

လတ်တလောမှာတော့ Yaya ရဲ့မေမေက သာယာလှပတဲ့ ပင်လယ်ပြင် အနီးမှာရှိတဲ့ Pattaya က အပန်းဖြေအိမ်လေးမှာ Yaya ရဲ့ ဖေဖေနဲ့ အတူထိုင်နေတဲ့ Yaya ရဲ့ပုံရိပ်ကို တင်ထားခဲ့ပါတယ်။

Yaya ရဲ့အမေက “ချစ်သမီးလေး Yaya ရဲ့ဖေဖေ့အတွက် လက်ဆောင်တစ်ခုပါ” ဆိုတဲ့ စာတန်းလေးကိုလည်း ခမ်းနားလှတဲ့ အပန်းဖြေအိမ်ကြီးနဲ့အတူ ပူးတွဲ တင်ထားခဲ့တာပါ။

ဒါကိုမြင်တွေ့ခဲ့ရတဲ့ Yaya ရဲ့ ပရိသတ်တွေကတော့ ချောမောပြီး ကျေးဇူးသိသတ်လွန်းတဲ့ မင်းသမီးလေးကို မိဘတွေအစား ကျေးဇူးတင်မိကြောင်း ထုတ်ဖော်ပြောဆိုလာတာကိုလည်း တွေ့ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x