Season 2 အဖြစ်ဆက်လက်ရိုက်ကူးဖို့ အတည်ပြုထားပြီးဖြစ်တဲ့ Park Seo Joon နဲ့ Han So Hee တို့ရဲ့ဇာတ်လမ်းတွဲအသစ်

ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်နိုင်ကြတဲ့ မင်းသား Park Seo Joon နဲ့ မင်းသမီး Han So Hee တို့ရဲ့ ‘Gyeongseong Creature’ ဒရမ်မာဇာတ်လမ်းတွဲအသစ်ဟာဆိုရင် လက်ရှိအချိန်မှာ အောင်မြင်စွာရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ ဇာတ်ကားကိုစတင်ပြသသွားတော့မှာဖြစ်ပါတယ်။

ဇာတ်ကားပြသမယ့်အချိန်က လိုသေးတယ်ဆိုပေမယ့်လည်း ဒီလိုသတင်းထွက်ရှိပြီး သိပ်မကြာခင်အချိန်အတွင်းမှာပဲ နိုဝင်ဘာလ ၃ ရက်နေ့ မနေ့တုန်းက အဆိုပါဇာတ်ကားနဲ့ ပတ်သက်တဲ့ နောက်ထပ်သတင်းတစ်ခုထပ်မံထွက်ရှိလာခဲ့ပါတယ်။

အဲဒါကတော့ ယင်းဇာတ်လမ်းတွဲရဲ့ Season 2 ကို လာမယ့် ၂၀၂၃ ခုနှစ် နှစ်အစပိုင်းလောက်မှာ စတင်ရိုက်ကူးသွားဖို့အတွက် စီစဉ်ထားပြီးဖြစ်တယ်ဆိုတာပါပဲ။ ဒီသတင်းဟာ ဇာတ်ကားစတင်မပြခင်အချိန်မှာတင် ထွက်ရှိလာခဲ့တာကြောင့် ကောလဟာလသတင်းတစ်ခုလို့သာ ထင်မှတ်ရပေမယ့်လည်း ရိုက်ကူးရေးအဖွဲ့ဘက်က တရားဝင်ကြေညာလိုက်တဲ့အတွက် ပရိသတ်တွေမှာ အံ့အားသင့်ခဲ့ကြရပါတယ်။

‘Gyeongseong Creature’ ဇာတ်လမ်းတွဲဟာဆိုရင် မကောင်းဆိုးဝါးကြီးတစ်ကောင်နဲ့ ရင်ဆိုင်တိုက်ခိုက်ကြမယ့် လူငယ်နှစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပြီး Park Seo Joon , Han So Hee တို့နဲ့အတူ Wi Ha Joon ကလည်း အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သွားမှာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x