မကြာခဏဆိုသလို မြေအောက်ရထားစီးနင်းလေ့ရှိသော်လည်း လူအများရဲ့ သတိထားမိခြင်းကိုမခံခဲ့ရဘူးဆိုတဲ့ Song Ji Hyo

Running Man ရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Song Ji Hyo ဟာဆိုရင် နာမည်ကြီးအနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို အများပြည်သူသုံးဆက်သွယ်ရေးယာဉ်တွေကို အသုံးပြုစီးနင်းလေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒီလိုစီးနင်းတဲ့အခါမျိုးမှာ သူမကို ဘယ်သူကမှ သတိထားမိခဲ့ခြင်းမရှိဘူးလို့သိရပြီး ဒီအကြောင်းကိုတော့ သူမက Running Man အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Ji Suk Jin ရဲ့ YouTube ဗီဒီယိုအသစ်မှာ ဖွင့်ဟပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဗီဒီယိုထဲမှာ Ji Suk Jin က သူမကို ရိုက်ကူးရေးလုပ်မယ့်နေရာဆီ ဘယ်လိုမျိုးလာခဲ့သလဲလို့ မေးမြန်းခဲ့တာကြောင့် သူမက ရထားစီးလာခဲ့တာဖြစ်ကြောင်းနဲ့ ရထားကိုလည်း မကြာခဏဆိုသလိုစီးနင်းဖြစ်ကြောင်းတို့ကို ပြောပြခဲ့ပါတယ်။
သူမရဲ့ပြောစကားကိုကြားရချိန်မှာတော့ Ji Suk Jin က သူ့အနေနဲ့ ရထားကို ဘယ်အချိန်တုန်းက နောက်ဆုံးစီးဖြစ်ခဲ့တယ်ဆိုတာကို မမှတ်မိတော့ကြောင်း ပြန်လည်တုံ့ပြန်ပြောသွားခဲ့ပြီး Song Ji Hyo ကိုလည်း “လူတွေက မင်းကို မမှတ်မိကြဘူးလား” လို့ဆိုကာ ပြန်လည်မေးခွန်းထုတ်ခဲ့တာကို တွေ့ရပါတယ်။
ဒီအခါမှာ Song Ji Hyo က “အခုနောက်ပိုင်း ရထားစီးရင် လူတွေက စမတ်ဖုန်းတွေနဲ့ပဲ အလုပ်ရှုပ်နေတာဆိုတော့ တော်ရုံဆို ခေါင်းပဲငုံ့နေတတ်ကြပြီး ကျွန်မကို သတိမထားမိကြဘူးလေ” လို့ဆိုကာ ပြောပြသွားခဲ့သလို ရထားစီးတဲ့အခါမှာလည်း မိတ်ကပ်မလိမ်းခြယ်ဘဲ သက်တောင့်သက်သာရှိမယ့် အဝတ်အစားနဲ့ ဦးထုတ်တစ်လုံးကိုသာ ရွေးချယ်ဝတ်ဆင်ဖြစ်တယ်လို့ သိရပါတယ်။
Ref : Kbizoom
Nemo