ဇာတ်လမ်းတွဲအသစ်မှာပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Lee Ji Ah

“Penthouse” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့သူ မင်းသမီး Lee Ji Ah ဟာဆိုရင် လက်ရှိအချိန်မှာ ဇာတ်လမ်းတွဲတစ်ခုရဲ့ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

ဒီသတင်းကို နိုဝင်ဘာလ ၃ ရက်နေ့ မနေ့တုန်းက Lee Ji Ah ရဲ့ အေဂျင်စီဖြစ်တဲ့ BH Entertainment ဘက်ကနေ အတည်ပြုထုတ်ပြန်ပေးထားတာဖြစ်ပြီး သူမကို ကမ်းလှမ်းထားတဲ့ ဇာတ်ကားကတော့ JTBC ကနေ ထုတ်လွှင့်ပြသသွားမယ့် Going Until the End ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမဟာ tvN ကနေ ပြသသွားဖို့ရှိတဲ့ “Lady” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်နေလျက်ရှိပြီး တကယ်လို့များ သူမအနေနဲ့ Going Until the End မှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံဖြစ်မယ်ဆိုရင်တော့ ဇာတ်ကားရိုက်ကူးရေးကို လာမယ့် ၂၀၂၃ ခုနှစ် အစောပိုင်းလောက်မှာ စတင်ရိုက်ကူးသွားရဖွယ် ရှိနေပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x