အက်ရှင်ဇာတ်လမ်းသစ်နဲ့ ပရိသတ်တွေကိုဖမ်းစားဦးမယ့် မင်းသားကြီး Kim Rae Won

အက်ရှင်ဇာတ်လမ်းသစ်နဲ့ ပရိသတ်တွေကိုဖမ်းစားဦးမယ့် မင်းသားကြီး Kim Rae Won

“တစ်ခါတုန်းက တက္ကသိုလ်” ဇာတ်လမ်းတွဲနဲ့ Drama ပရိသတ်တွေရဲ့ ငယ်ဘဝကို စိုးမိုးထားနိုင်ခဲ့တဲ့ မင်းသားကြီး Kim Rae Won ဟာ ဒီတစ်ခေါက်မှာတော့ SBS ရဲ့ “The First Responders” အက်ရှင်-သဲထိတ်ရင်ဖို Drama သစ်နဲ့ ပရိသတ်တွေကို ထပ်မံဖမ်းစားသွားပါဦးမယ်။

“The First Responders” ကတော့ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ဆေးမှူးအဖွဲ့တို့ တတ်နိုင်သမျှ မိမိတို့မြို့ကို ကယ်ဆယ်ပေးကြဖို့ စုရုံးရောက်ရှိလာသည့် ဒရာမာဇာတ်လမ်းမျိုးပါ။

ဇာတ်လမ်းဟာ ဌာနသုံးခုကြားရဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပြိုင်တူအလုပ်လုပ်ရန် ကြိုးစားရာတွင် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများကို မီးမောင်းထိုးပြထားသလို စိတ်လှုပ်ရှားမှုနဲ့ ရင်ခုန်သံတွေကို မြှင်တင်ပေးမယ့် အခိုက်အတန့်များဖြင့် ပြည့်နှက်နေပါတယ်။

ပြည်သူတွေ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေ ပြည့်နှက်နေတဲ့ မြို့ကို အဓိက သူရဲကောင်း သုံးဦးဖြစ်တဲ့ မီးသတ်သမား Bong Do Jin (Son Ho Jun), ဆေးမှူး Song Seol (Gong Seung Yeon) နဲ့ ရဲအရာရှိ Jin Ho Gae ( Kim Rae Won ) တို့က ပူးပေါင်းလုပ်ဆောင်ပြီး ကယ်တင်ကြရပါလိမ့်မယ်။

သူတို့ သုံးသင်းကြား တင်းမာမှုများ တိုးလာခဲ့သလို ရာဇ၀တ်မှုတွေကလည်း ပိုကျူးလွန်လာကြပြီး လူတွေရဲ့ အသက်အန္တရာယ် ပိုများလာတာနဲ့အမျှ၊ သူရဲကောင်းသုံးယောက်ဟာ သူတို့ရဲ့ ကွဲပြားမှုတွေကို ဖယ်ခွာပြီး မြို့ကို ကယ်တင်ဖို့ အတူတကွ လုပ်ဆောင်နိုင်မှာလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားရပါမယ်။

“The First Responders” ရဲ့ ပထမဆုံးအပိုင်းကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ပြသသွားတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x