Season 3 မှာပါဝင်သွားမယ့် သရုပ်ဆောင်တွေကို အတည်ပြုခဲ့တဲ့ “Dr. Romantic”

Season 3 မှာပါဝင်သွားမယ့် သရုပ်ဆောင်တွေကို အတည်ပြုခဲ့တဲ့ “Dr. Romantic”

SBS ဇာတ်လမ်းတွဲ “Dr. Romantic” ဟာ Season 3 အဖြစ် ပြန်လည်ရောက်ရှိလာပါတော့မယ်။ “Dr. Romantic” ဟာ ၂၀၁၆ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Season 1 မှာတော့  အမြင့်ဆုံး အဆင့်သတ်မှတ်မှု 27.6% နဲ့ ၂၀၂၀ မှာ ထုတ်လွှင့်ခဲ့တဲ့ Season 2 မှာတော့ အမြင့်ဆုံး အဆင့်သတ်မှတ်မှု 27.1% တို့အဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

Season 1 မှာတော့  Han Suk Kyu, Yoo Yeon Seok နဲ့ Seo Hyun Jin တို့ကို အဓိကထားခဲ့ပြီး Season 2 မှာတော့ အသစ်ပါဝင်လာတဲ့ Ahn Hyo Seop နဲ့ Lee Sung Kyung တို့ဟာ Han Suk Kyu နဲ့ တွဲဖက်ညီမှုကို ပြသခဲ့ပြီး နွေးထွေးတဲ့ ခံစားချက်တွေနဲ့ ပဲ့တင်ထပ်နေခဲ့ပါတယ်။

ဒါကြောင့် ကြည့်ရှုသူတွေကလည်း Season 3 မှာ ပါဝင်လာမယ့် သရုပ်ဆောင်များကို စိတ်ဝင်စားနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ လက ထွက်ရှိခဲ့တဲ့ နောက်ဆက်တွဲ သတင်းများကလည်း ပရိသတ်တွေရဲအ ပျော်ရွှင်မှုကို တိုးစေခဲ့ပါတယ်။

မင်းသမီး Jung Ji Ahn ကတော့ Season 2 မှာ ပါဝင်ပြီးနောက် Season 3 မှာလည်း ဆက်လက်ပါဝင်လာမှာဖြစ်ကြောင်း အတည်ပြုခဲ့သလို Seasons 1 နဲ့ 2 တို့မှာ Nam Do Il အဖြစ် သရုပ်ဆောင်ထားတဲ့  မင်းသား Byun Woo Min ကလည်း Season 3 မှာ ပြန်လည်ပါဝင်မယ်လို့ သိရပါတယ်။

Season 3 မှာတော့ လက်ရှိ သရုပ်ဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ Lee Sung Kyung, Ahn Hyo Seop, Kim Joo Hun, Jin Kyung, Yoon Na Mo တို့ ပြန်လည်ပါဝင်လာဦးမှာဆိုတော့ စောင့်မျှော်နေသူတို့အတွက်လည်း အားတက်စရာပါပဲနော်။

“Dr. Romantic” Season 3 ကိုတော့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ ထုတ်လွှင့်ပြသဖိုါ စီစဉ်ထားပြီး အရည်အချင်းပြည့်မီတဲ့  သရုပ်ဆောင်တွေနဲ့ လက်တွေ့ဘဝကို ထင်ဟပ်လာစေအောင် စွမ်းဆောင်ထားနိုင်ခဲ့မှုတို့ကြောင့် ၂၀၂၃ ခုနှစ်အတွက် အမျှော်လင့်ခံထားရဆုံး Drama အဖြစ်လည်း  သတ်မှတ်ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x