အိမ်ရှေ့မင်းသားလေး ၅ ယောက်လုံးကိုဖိတ်ပြီး နေ့လယ်စာဝယ်ကျွေးခဲ့တဲ့ မင်းသမီးကြီး Kim Hye Soo

အိမ်ရှေ့မင်းသားလေး ၅ ယောက်လုံးကိုဖိတ်ပြီး နေ့လယ်စာဝယ်ကျွေးခဲ့တဲ့ မင်းသမီးကြီး Kim Hye Soo

မင်းသားချော Moon Sang Min က မင်းသမီး Kim Hye Soo ဝယ်ကျွေးခဲ့တဲ့ နေ့လယ်စာအကြောင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

မကြာသေးမီက “ESQUIRE Korea” YouTube channel ဟာ “Moon Sang Min တစ်ယောက် Chuseok မှာ ဘာကြောင့် Kim Hye Soo နဲ့ တွေ့ဆုံရသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ video လေးတစ်ခု တင်ထားခဲ့ပါတယ်။

အဲဒီနေ့မှာ Moon Sang Min က “Under The Queen’s Umbrella” Drama ကို မိတ်ဆက်ပေးခဲ့ပြီး ဒါဟာ မိခင်လည်းဖြစ်တဲ့ ဘုရင်မအကြောင်းဖြစ်ပြီး ပြဿနာဖြစ်နေတဲ့ မင်းသားတွေအတွက် တော်ဝင်ပညာရေးစစ်ပွဲထဲကို ခုန်ဆင်းကာ စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေပါတဲ့ ဒရာမာဖြစ်တယ်” လို့ အစပြုထားခဲ့ပါတယ်။

“Under The Queen’s Umbrella” က သူ့ဇာတ်ကောင်လေးနဲ့ ပတ်သက်ပြီး အိမ်ရှေ့မင်းသား Seongnam က Seochon မ ကြီးပြင်းခဲ့တာကြောင့် အခြားမင်းသားတွေနဲ့ မတူဘဲ အလွန်သွက်လက်တက်ကြွတဲ့  ဇာတ်ကောင်တစ်ဦးအဖြစ် တွေ့မြင်ရနိုင်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ်တွေကလည်း သူ့ကို အရမ်းချစ်ကြမယ်လို့ မျှော်လင့်ပါတယ်လို့ သူ့ရဲ့ ကာရိုက်တာကို ချစ်ခင်မြတ်နိုးကြောင်း ဖော်ပြခဲ့ရင်း Moon Sung Min က “Under The Queen’s Umbrella” ရိုက်ကူးနေစဉ်မှာ သူ့ရဲ့ စီနီယာ မင်းသမီး Kim Hye Soo နဲ့ အမှတ်တရအဖြစ်ဆုံး ဇာတ်လမ်းတစ်ပုဒ်ကို မျှဝေခဲ့ပါတော့တယ်။

“အဲဒီနေ့က အားလုံး Chuseok မှာ ရိုက်ဖို့ရှိလို့ ကျွန်တော်တို့ မွေးရပ်မြေကို မသွားနိုင်ဘူး” လို့ သူကပြောပြီး “ဒါပေမဲ့ ဒရာမာထဲက မိခင် Kim Hye Soo က မင်းသားတွေအားလုံးကို ဖိတ်ကြားပြီး ထမင်းဝယ်ကျွေးတယ်” လို့ ပြောပြလာခဲ့ပါတယ်။

Moon Sang Min က “အဲဒီအချိန်တုန်းက ကျွန်တော်တို့ အားလုံးစုပြီး အမှတ်တရအနေနဲ့ တစ်ခုခုကျန်ခဲ့ချင်ခဲ့တာဆိုတော့ မင်းသမီး Kim ကို ‘စီနီယာ၊ ကျွန်တော်တို့နဲ့ ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံသွားရိုက်ချင်လား’ လို့ ကျွန်တော်မေးခဲ့တော့ သူမက ဝမ်းသာအားရ သဘောတူလိုက်တယ်။” လို့ ပြောကြားရင်း ဘုရင်မကြီးနဲ့ အိမ်ရှေ့စံ ၅ ယောက်တို့ကြားက ချစ်စရာ အခိုက်အတန့်လေးတွေကို ဝေမျှသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x