“Dr. Romantic : Season 3” မှာ ယခင်ဇာတ်ရုပ်နဲ့ပဲ ပြန်လည်ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ So Ju Yeon

နိုဝင်ဘာလ ၄ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ မင်းသမီး So Ju Yeon ဟာဆိုရင် မကြာခင်ရိုက်ကူးတော့မဲ့ “Dr. Romantic : Season 3” မှာ ပြန်လည်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာပါပဲ။
ဒီသတင်းကို သူမရဲ့ အေဂျင်စီဘက်ကနေ ဒီနေ့မှာပဲ အတည်ပြုထုတ်ပြန်ပေးလိုက်တာဖြစ်ပြီး အဆိုပါဒရမ်မာစီးရီးရဲ့ Season 2 မှာပါဝင်ခဲ့ပြီးနောက်မှာတော့ သူမဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့သူဖြစ်ပါတယ်။
ယခု Season 3 မှာတော့ ယခင် Season တုန်းက သူမ သရုပ်ဆောင်ခဲ့တဲ့ ဆရာဝန်မလေး Yoo Ah Reum ဇာတ်ရုပ်နဲ့ပဲ ပြန်လည်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Dr. Romantic ဇာတ်လမ်းတွဲဟာဆိုရင် ဝေးလံခေါင်သီတဲ့ နယ်မြို့ဆေးရုံတစ်ရုံမှ အရည်အချင်းရော၊ စိတ်ထားရော ပြည့်ဝမှုရှိတဲ့ ဆရာဝန်တွေရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး အခုတစ်ခေါက်ရိုက်ကူးမယ့် Season အသစ်ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်လောက်မှာ စတင်ပြသသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Ref : GStarLive
Nemo
“Dr. Romantic : Season 3” မှာ ယခင်ဇာတ်ရုပ်နဲ့ပဲ ပြန်လည်ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ So Ju Yeon
နိုဝင်ဘာလ ၄ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ မင်းသမီး So Ju Yeon ဟာဆိုရင် မကြာခင်ရိုက်ကူးတော့မဲ့ “Dr. Romantic : Season 3” မှာ ပြန်လည်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာပါပဲ။။