ငွေကြေးအခက်အခဲကြောင့် ကော်ဖီဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းလုပ်ကိုင်နေခဲ့ရတဲ့ Kim Sae Ron

ပြီးခဲ့တဲ့လပိုင်းတွေတုန်းက အရက်သောက်ပြီး ကားမောင်းမှုကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း ရိုက်ကူးလက်စဇာတ်ကားတွေကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မင်းသမီး Kim Sea Ron ဟာဆိုရင် လတ်တလောအချိန်ကာလမှာ သူမရဲ့အမှားတွေကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း နေထိုင်ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် သူမနဲ့ပတ်သက်တဲ့သတင်းတွေဟာလည်း အဆိုပါယာဉ်မတော်တဆမှုဖြစ်ပြီးနောက်မှာ တိတ်ဆိတ်နေခဲ့သလို သူမကိုယ်တိုင်ကလည်း ပရိသတ်တွေရဲ့မြင်ကွင်းအရှေ့ဆီ ထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် နိုဝင်ဘာလ ၄ ရက် မနေ့တုန်းကထွက်ရှိလာတဲ့ သူမနဲ့ ပတ်သက်တဲ့သတင်းတစ်ခုကတော့ သူမဟာ လက်ရှိအချိန်မှာ ‌ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ အချိန်ပိုင်းအလုပ်သမားတစ်ယောက်အဖြစ် လုပ်ကိုင်နေတယ်ဆိုတဲ့သတင်းပါပဲ။ ဒီသတင်းကို စတင်ထုတ်ဖော်သူကတော့ ကိုရီးယားအနုပညာရှင်တွေရဲ့ သတင်းထူးတွေကို ထုတ်ဖော်လေ့ရှိတဲ့ သတင်းထောက်ဟောင်း Lee Jin Ho ပဲဖြစ်ပါတယ်။

လက်ရှိမှာ YouTuber အဖြစ်ရပ်တည်နေလျက်ရှိတဲ့ Lee Jin Ho ရဲ့ထုတ်ဖော်မှုတွေအရဆိုရင် Kim Sea Ron ဟာ ကလေးသရုပ်ဆောင်အဖြစ် စတင်လျှောက်လှမ်းခဲ့ချိန်ကတည်းက စုထားခဲ့တဲ့ငွေတွေရှိပေမယ့်လည်း သူမရဲ့ပေါ့ဆမှုအမှားကြောင့် ဖြစ်ပေါ်သွားခဲ့တဲ့ယာဉ်တိုက်မှုမှာ နစ်နာဆုံးရှုံးခဲ့ကြသူတွေကို လျော်ကြေးငွေပေးလိုက်ရတဲ့အပြင် လက်ခံထားပြီးဖြစ်တဲ့ ဇာတ်ကားတွေကိုလည်း စာချုပ်စည်းမျဉ်းတွေအရ ငွေပြန်လျော်ပေးလိုက်တာကြောင့် လတ်တလောအချိန်မှာ ငွေကြေးခက်ခဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီအခက်အခဲတွေကို ပြေလည်သွားစေဖို့အတွက် ရိုက်ကူးရေးမရှိတဲ့ဒီလိုအချိန်မျိုးမှာ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ အချိန်ပိုင်းအလုပ်သမားတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီသတင်းတွေ စတင်ထွက်ရှိလာချိန်မှာတော့ ပရိသတ်‌တွေအနေနဲ့ မယုံကြည်နိုင်စရာဖြစ်ခဲ့ရပေမယ့်လည်း Kim Sae Ron ရဲ့အေဂျင်စီဘက်ကတော့ ထွက်ပေါ်နေတဲ့သတင်းတွေက မှန်ကန်မှုရှိကြောင်းကို အတည်ပြုထုတ်ပြန်ပေးထားတာ တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x